ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ယူအကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင် ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက Zoom Applicationစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အား ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလက အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း၊  လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မဟာဗျူဟာစီမံချက်ပါ ငွေကြေးအထောက်အပံ့ပေးရေး လုပ်ငန်းအစီအစဉ်များအနက် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်(MCCT) အစီအစဉ်(၂)ရပ်အား ပုံမှန်အစီအစဉ် များအနေဖြင့် အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့သော ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလ၌ ငွေကြေးအထောက်အပံ့များဟာ အကျိုးခံစားခွင့်ရှိသူများ အတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်း၊  ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အား ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အကောင်အထည်ဖော်ရာတွင် ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ မြေပြင်တွင် ထောက်ပံ့ ကြေးပေးအပ်မှုများဆောင်ရွက်ရာ၌ ထိတွေ့မှုအနည်းဆုံး ဖြစ်စေရေးအတွက် အီလက်ထရောနစ် စနစ်ကို အခြေခံသည့် ငွေကြေးလွှဲပြောင်းမှုအား အဓိကထားဆောင်ရွက်သင့်ကြောင်း၊ ယခင် ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်မှာလည်း ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး MCCT အစီအစဉ်များအကောင်အထည်ဖော်ရာတွင် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့အဖွဲ့များထံ လုပ်ငန်းအပ်နှံပြီး အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေး လွှဲပြောင်းခြင်းကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်မှာလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုပေးသည့်အဖွဲ့များထံ လုပ်ငန်းအပ်နှံဆောင်ရွက်သွားဖို့ ပြင်ဆင်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုပေး သည့် အဖွဲ့များထံ လုပ်ငန်းအပ်နှံဆောင်ရွက်သွားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအား ဖြည့်စွက်ပြောကြားခဲ့ပြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများက လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အီလက်ထရောနစ်စနစ်ကို အခြေခံသည့် ငွေကြေးလွှဲပြောင်းမှုသို့ ပြောင်းလဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့် အချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား မွန်းလွဲ (၁း၀၀)နာရီတွင် အဆုံး သတ်ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR