ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည်တာဝန်ရှိသူများလိုက်ပါလျက်ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊စစ်တွေမြို့လောကာနန္ဒာဘုရားအတွင်းရှိသာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သောရခိုင်ပြည်နယ်အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လူမှုရေးကဏ္ဍမြှင့်တင်ရေးအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုမူဝါဒ၊ မဟာဗျူဟာများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီဘဏ္ဍာရန်ပုံငွေများနှစ်စဉ်လျာထားလျက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ရေးအစီအစဉ်နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တို့ကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အားလုံးအကျုံးဝင်ရန်၊ ခွဲခြားမှုမရှိရန်နှင့် အားလုံးတန်းတူညီမျှရရှိနိုင်စေရန် ဦးတည်ချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အကျိုးခံစားခွင့်ရှိသူများ၏ အချက်အလက်များကိုDigital Platformဖြင့်ဆောင်ရွက်နိုင်ရေးအတွက် သတင်းအချက်အလက်စနစ် (Social Management Information System) ကိုရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ပရဟိတဂေဟာများနှင့် သင်တန်းကျောင်းများဖွင့်လှစ်ထားရှိသူများ၏ စေတနာကိုအသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ကြေးများပေးအပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ချက်များသည် လူမှုရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီးလူသားစွမ်းအားစုများကိုပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များထောက်ပံ့ရေးအစီအစဉ်အရအကျိုးခံစားခွင့်ရှိသူ(၆၈၃၂၈)ဦးအတွက်ထောက်ပံ့ကြေးငွေကျပ်(၂၈၉၇.၅၂)သန်းနှင့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၄၂၈၉)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၄၂၈.၆၇)သန်းကိုရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း(၃)ဖွဲ့သို့ထောက်ပံ့ငွေကျပ် (၄၆.၈၁၅)သန်းကိုမေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ထောက်ပံ့ပေးအပ်ခြင်းနှင့် အခမ်းအနားသို့တက်ရောက်လာကြသောသက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအားထောက်ပံ့ငွေများလက်ရောက်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် (၂၄)ကြိမ်မြောက် ရခိုင်ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။ ဦးစွာ (၂၄) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုရခိုင်မင်္ဂလာစည်တော်တီးခတ်ပြီးပြည်နယ်ယဉ်ကျေးမှုအဖွဲ့ကကပြဖျော်ဖြေကာဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ပြည်နယ်အနေဖြင့် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုစက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိစစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီးခရိုင်(၇) ခရိုင်မှ ပြိုင်ပွဲဝင် (၁၄၀) ဦးဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၆၆) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတိုင်းဒေသကြီး၊ ပြည်နယ်(၁၄)ခုတွင် အဆင့်(၉) နေရာရရှိခဲ့ကာဆုတံဆိပ်(၂၀) ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း၊ ယခင်နှစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအပေါ်သုံးသပ်ပြီးယခုနှစ် ပြိုင်ပွဲတွင် မိမိတို့ပြည်နယ်အနေဖြင့် ယခင်ထက်ပိုမိုမြင့်မားသည့် အခြေအနေတစ်ခုရောက်အောင် ကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ယခုနှစ်ပြိုင်ပွဲသည် မိမိတို့ရခိုင်ပြည်နယ်အတွက် အင်မတန်မှ အဓိပ္ပာယ်ရှိသည့် ပြိုင်ပွဲတစ်ခုဟုဆိုရမည်ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာအဆိုပါထိခိုက် ခံစားရမှုကနေအင်အားအဖြစ် ပြောင်းလဲပြီးပြည်နယ်အတွင်းနေထိုင်ကြသည့်တိုင်းရင်းသားအားလုံးနှင့်ဒေသခံများ၏ စုပေါင်းစွမ်းအားများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာမှာကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတော်၏အသိအမှတ်ပြုမှုကိုမိမိတို့လက်တွေ့ခံစားရပြီးလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူများသည် မည်ကဲ့သို့ဆိုးရွားသည့်အခြေအနေမျိုးကိုကြုံတွေ့စေကာမူပြန်လည်ရုန်းထွက်နိုင်စွမ်းရှိသူများဖြစ်သည်ကိုအများကယုံကြည်လက်ခံလာအောင် ယခုပြိုင်ပွဲကြီးမှာလည်းမိမိတို့၏ ပါရမီ၊ ဝါသနာ၊ အနစ်နာခံမှု၊ ကြိုးစားအားထုတ်မှုများဖြင့် ယှဉ်ပြိုင်ကြရန်တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ (၂၄) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရနှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) တွဲဖက်ပါမောက္ခ၊ ဆရာဦးသောင်းမြင့်ထွန်းရေးစပ်သီကုံးထားသည့် ''ရွှေဆုယူမည် ရခိုင်ပြည်'' တေးသီချင်းအားပြိုင်ပွဲဝင်များကသီဆိုဖျော်ဖြေကြပြီးမြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးဆု၊ ငွေတံဆိပ်နှစ်ဆု၊ ကြေးတံဆိပ်ငါးဆုအဆိုရှင်  ဦးဇော်နေညွန့်က ''ကိုယ့်ရပ်ဌာနေ'' သီချင်းဖြင့် သီဆိုဖျော်ဖြေကာအကပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ် တစ်ဆု၊ အထူးဆုတစ်ဆုရရှိထားသည့် ဦးလှမောင်ထွန်းကကပြဖျော်ဖြေသည်။ ထို့နောက်  မြိုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့က ''ညီအစ်ကိုနောင်ရင်း'' ယိမ်းအကဖြင့် သီဆိုကပြဖျော်ဖြေကြရာပြည်ထောင်စုဝန်ကြီးကကပြသီဆိုဖျော်ဖြေကြသူများအားဂုဏ်ပြုဆုငွေများပေးအပ်ကာအခမ်းအနားတက်ရောက်လာကြသူများနှင့် ပြိုင်ပွဲဝင်များအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် စစ်တွေတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသောပြည်နယ်ဝန်ကြီးချုပ် ဖလားခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးပြိုင်ပွဲယှဉ်ပြိုင်မှုများကိုကြည့်ရှုအားပေးပါသည်။

မွန်းလွဲပိုင်းတွင်ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာ (စစ်တွေမြို့)သို့သွားရောက်ပြီးဘိုးဘွားများအားပြုစုစောင့်ရှောက်ထားရှိမှုအခြေအနေများကိုတာဝန်ရှိသူမှ ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားပြီးသက်ကြီးဘိုးဘွားများအားရင်းရင်းနှီးနှီးတွေ့ဆုံဂါရဝပြုခဲ့ပြီးအလှူငွေများနှင့် အင်အားဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိဥဿလင်းဘုန်းတော်ကြီးကျောင်းယာယီနေရပ်စွန့်ခွာစုရပ်ရှိအမျိုးသမီးများအားရပ်ရွာအခြေပြုအဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ် ပို့ချနေမှုအခြေအနေများကိုကြည့်ရှုအားပေးကာစုရပ်နေသူများအားခေါက်ဆွဲခြောက် နှင့်ဆပ်ပြာတောင့်များထောက်ပံ့ပေးအပ်ခဲ့ပြီးဥဿလင်းကျောင်းတိုက် ဆရာတော်ထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဘောဒူပ IDP စခန်းနှင့် သက္ကယ်ပြင် IDP စခန်းများသို့သွားရောက်ခဲ့ပြီးစခန်းနေသူများနှင့်တွေ့ဆုံကာ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးသူငယ်များအတွက်ထောက်ပံ့ငွေများ၊ စခန်းနေသူများအတွက်ခေါက်ဆွဲခြောက်နှင့် ဆပ်ပြာတောင့်များထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် MV Charity သင်္ဘောပေါ်မှ ကူညီထောက်ပံ့ရေးပစ္စည်းများအားဆိပ်ကမ်းသို့ ချနေမှုအခြေအနေများကိုသွားရောက်ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR