ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များဖော်ထုတ်ဆွေးနွေးခြင်းအား Online ဖြင့် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေပြင်တွင်လက်တွေ့ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့အစည်း (၁၄) ဖွဲ့မှကိုယ်စားလှယ်များ Virtual ဖြင့် တက်ရောက်ခဲ့ ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လူဦးရေ ထူထပ်များပြားပြီး သွားလာရေးခက်ခဲမှုများရှိပါကြောင်းပရဟိတအဖွဲ့များအနေဖြင့် မိမိတို့အသက် အန္တရာယ်ကိုရင်းပြီး ပြည်သူလူထုကျန်းမာရေးကိုကူညီစောင့်ရှောက် နေကြသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ အဓိကအားဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်များအတွင်း မည်သို့လုပ်ဆောင်နေပြီး မည်သည့်အခက်အခဲများ ကြုံတွေ့နေကြရသည်ကို မိမိတို့အနေဖြင့် သိရှိမှတ်တမ်းတင်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်သို့တင်ပြအမြန်ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်သွားလိုသည့်အတွက် ပရဟိတအဖွဲ့များ၏ လက်ရှိဆောင်ရွက်နေမှု မြေပြင်အခြေအနေများကို သိရှိလိုကြောင်းပြောကြားပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက ယခုဆောင်ရွက် ကူညီပေးနေကြသူများမှာ စေတနာရှင် အစစ်အမှန်များဖြစ်ကြပါကြောင်း၊ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ကံကြမ္မာနှင့် လည်းသက်ဆိုင်သောကိစ္စဖြစ်ပြီး မိမိတို့အသက်နှင့်ရင်းပြီး တာဝန်ထမ်းဆောင်နေကြသဖြင့် လေးစားပါ ကြောင်းအလားတူ အခြားစေတနာရှင်များ၊ ပညာရှင်များကိုလည်း စည်းရုံးဆောင်ရွက်ပေးနိုင်ပါရန် ပြောကြားလိုပါကြောင်း ပရဟိတအဖွဲ့များသည် ပြည်သူလူထုနှင့် ထိတွေ့နေသူများဖြစ်သဖြင့် မကြာမီဆောင်ရွက်မည့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များတွင်လည်း  ပြည်သူလူထုမှ ပါဝင်ထိုးနှံနိုင်ရေး စည်းရုံးပေးစေလိုပါကြောင်း ယုံယုံကြည်ကြည်ဖြင့်ထိုးနှံကြပါရန်နှင့် ဥစ္စာကံစောင့်အသက်ဉာဏ်စောင့်ဆိုသကဲ့သို့ မိမိတို့အားလုံး မတူကွဲပြား မှုများကိုခံစား၊ အလေးမထားဘဲကပ်ရောဂါကို အတူပူးပေါင်းကာကွယ်တုံ့ပြန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ကွန်ယက်ချိတ်ဆက်ဖွဲ့စည်း ဆောင်ရွက်စေလိုပါကြောင်း၊ ပရဟိတ ကိုယ်စားလှယ်များမှ တင်ပြသည်များကို မိမိတို့သေချာမှတ်သားပြီး အထက်သို့တင်ပြပြီး ပံ့ပိုးကူညီ သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပရဟိတအဖွဲ့များအလိုက် ဆွေးနွေးတင်ပြကြရာတွင် စေတနာ့ဝန်ထမ်းများလိုအပ်မှု၊ ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းများလိုအပ်မှု၊ စေတနာ့ဝန်ထမ်း စိစစ်ရေးကဒ်များ ဆောင်ရွက်ပေးနိုင်ရေး၊  Quarantine Center များတွင် တာဝန်ထမ်းဆောင်သည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအတွက် နားနေရန်နေရာအခက်အခဲရှိမှု၊ ရုံးခန်းနေရာ ကွပ်ကဲရေးစင်တာ လိုအပ်မှု၊ PPE ဝတ်စုံများ၊ အစားအသောက်နှင့် စက်သုံးဆီလိုအပ်မှုများလူနာတင်ယာဉ်များသွားလာရေး၊ သယ်ယူရေးဆိုင်ရာကိစ္စများ၊ လူနာတင်ယာဉ်များတွင် အောက်ဆီဂျင်အိုးလိုအပ်မှုနှင့် ၊ (Positive Center) ကြီးများတွင် အောက်ဆီဂျင်အရည် Liquid  ကားများထားရှိပေးနိုင်ရေး၊ ဆရာဝန်နှင့် သူနာပြုများလိုအပ်မှု၊ တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိသည့် ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူများအကြား ကွန်ယက်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ Network ဖွဲ့စည်းဆောင်ရွက်သွားစေလိုမှုကိစ္စများနှင့် မြေပြင်တွင် အဖွဲ့အလိုက် ဆောင်ရွက်လျက်ရှိရာတွင် ကြုံတွေ့နေရသည့်အခြေအနေများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြပါသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက  မိမိတို့အနေဖြင့် (..၂၀၂၁) ရက်နေ့နှင့် (၂၁..၂၀၂၁) ရက်နေ့များတွင် ပရဟိတအဖွဲ့များ စေတနာ့ဝန်ထမ်းများနှင့် ဆွေးနွေးခဲ့မှုများအရလည်း တင်ပြမှုအချက် များမှာ များစွာတူညီနေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ဆက်လက်တင်ပြခဲ့ပြီး ကူညီပံ့ပိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းယခုထပ်မံ၍လည်း တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းမိမိမှတ်သားထားသည်များမှာ ရိက္ခာ၊ PPE၊ ဆက်သွယ်ရေးစက်၊ စိစစ်ရေးကဒ်၊ ကွပ်ကဲရေးစင်တာ၊ နားနေရန်နေရာ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအကြား နားလည်ယုံကြည်မှု၊ စေတနာ့ဝန်ထမ်းများအတွက် ပြန်လည်ထူထောင်ရေး Recovery Center ၊ အောက်ဆီဂျင်လိုအပ်မှု၊ စေတနာ့ဝန်ထမ်းများအတွက် သင်တန်းများ၊ နေရာထိုင်ခင်း၊ သွားလာဆောင်ရွက်မှုလုံခြုံရေးအတွက်ခွင့်ပြုချက်နှင့် ညွှန်ကြားချက်များ၊ ဆရာဝန်သူနာပြုလိုအပ်မှုအခက်အခဲများ၊ အဖွဲ့အစည်းအချင်းချင်းနှင့် သက်ဆိုင်ရာများကြားချိတ်ဆက်မှု အားကောင်းစေရေးလုပ်ဆောင်ရန်များ၊ အကြောင်းအမျိုးမျိုးကြောင့် ဌာနမှခေတ္တစွန့်ခွာသွားသော ဆရာဝန် /သူနာပြုများ ပါဝင်ကူညီနိုင်ရေးကိစ္စများ ဖြစ်ပါကြောင်း အဆိုပါ လိုအပ်ချက်များနှင့်ပတ်သက်၍  သက်ဆိုင်ရာကော်မတီများသို့ တင်ပြလမ်းညွှန်မှုခံယူပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနိုင်ငံတော်အဆင့်အနေဖြင့် ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ဦးဆောင်ပြီး၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌက ဦးဆောင်ပါကြောင်းယခုတင်ပြချက်များအနက် ကုသရေးဆိုင်ရာအပိုင်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက Focal အဖြစ်ဆောင်ရွက်လျက်ရှိပြီး၊ စေတနာ့ဝန်ထမ်း ပရဟိတများ၏ အသံနားထောင်ပြီး လိုအပ်ချက်များ တင်ပြဖြည့်ဆည်းပေါင်းစပ်ပေးရေးကို မိမိတို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေပြင်အခြေအနေလုံခြုံရေး၊ လိုအပ်သောခွင့်ပြုချက်များ၊ ရိက္ခာ၊ PPE ကျန်းမာရေး ကာကွယ်ပစ္စည်းများ၊ စက်သုံးဆီ၊ စိစစ်ရေးကဒ်များ နှင့်ပတ်သက်ပြီး တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံဆောင်ရွက်လျက်ရှိပါကြောင်းသို့ဖြစ်ပါ၍ ပရဟိတမောင်နှမများအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR