ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မြန်မာစံတော်ချိန် (၁၅၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)” သည် မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုး ကျွန်းမြို့ (CoCo Island) အနောက်ဘက် ရေမိုင်(၂၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း မြို့ (Hain ghyi gyun) အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၇၀)မိုင် ခန့်၊ စစ်တွေမြို့ (Sittwe) တောင်-အနောက်တောင်ဘက် ရေမိုင် (၄၅၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား (Port Blair) အနောက်မြောက် ဘက် ရေမိုင်(၃၀၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar) တောင်-အနောက်တောင်ဘက် ရေမိုင်(၄၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Strom) “မိုခါ(MOCHA)” သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ ယနေ့ညပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Extremely Severe Cyclonic Storm) ) “မိုခါ (MOCHA)” အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ (Kyaukpyu) တို့ကြား စစ်တွေမြို့ (Sittwe)အနီးမှ ၁၄--၂၀၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)” အနေဖြင့် ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန်မှန်းရပါသည်။

မုန်တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၉၀) မှ (၁၁၀) ခန့်ထိ တိုက်ခတ်ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါ သည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေချိန် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၉၀ မှ မိုင် ၁၁၀ အတွင်းတိုက်ခတ်ပါက မုန်တိုင်းဒီရေအမြင့်မှာ ပေ မှ ၁၆ ပေ ခန့် အတွင်း ရှိနိုင်ကြောင်း ခန့်မှန်းရပါသည်။ သို့ဖြစ်၍ ၁၆ ပေ အောက်နိမ့်သောနေရာ များတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် နီးစပ်ရာ ဆိုင်ကလုန်း Shelter များ (သို့မဟုတ်) ရေဘေးလွတ်ကင်းရာ ကုန်းမြေမြင့်များသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင် စီမံထားရန်နှင့် မရှိမဖြစ်လိုအပ်သည့် တစ်ကိုယ်ရည်သုံး ပစ္စည်းများအား ရွှေ့ပြောင်းအခြေပြုမည့်နေရာသို့ ကြိုတင်ပို့ဆောင်ထားခြင်းဖြင့် အန္တရာယ်ကျ ရောက်ချိန်တွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အကြံပြုသတိပေးနှိုးဆော် အပ်ပါသည်။

မုန်တိုင်းတိုက်ခတ်ရာ ခန့်မှန်းလမ်းကြောင်းတွင် တည်ရှိနေသည့် စစ်တွေ မြို့နှင့် မောင်တောမြို့အနီးတစ်ဝိုက်ဒေသများသည် မုန်တိုင်းဒီရေ တက်ရောက်ပါက ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ပြီး ခန့်မှန်းတွက်ချက်မှုများအရ နတ်မြစ်ကြောင်း တစ်လျှောက် မြစ်ဝမှ တောင်ပြိုလက်ဝဲမြို့အထိ အရှေ့ဘက်ကမ်းဒေသများ၊ မေယု မြစ်ကြောင်းတစ်လျှောက် မေယုမြစ်ဝမှ ရသေ့တောင်၊ ဘူးသီးတောင်မြို့များအထိ မြစ်ကြောင်း ဝဲ/ယာဒေသများ၌ မုန်တိုင်းဒီရေသက်ရောက်မှုများ ရှိနိုင်ကြောင်း တွေ့ရှိရပါသည်။ 

ထို့အပြင် မုန်တိုင်းဒီရေ ၁၆ ပေခန့် မြင့်တက်လာပါက မောင်းတောမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက် တော်မြို့၊ မြောက်ဦးမြို့၊  ဖရုံကာကျွန်းအရှေ့ဘက်ခြမ်း၊ မင်းပြားမြို့၊ မြေပုံမြို့၊ ကမ်းထောင်းကြီးမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့ ပတ်ဝန်းကျင် ဒေသများ အနေဖြင့် မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေနှင့် ဆက်စပ် နေရာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းတွေ့ရှိရပါသည်။ 

အလားတူပင် မုန်တိုင်းဒီရေ ၁၆ ပေခန့် မြင့်တက်လာပါက သံတွဲမြို့၊ သဗြုချိုင်၊ မောင်ရွှေလေးချိုင်နှင့် ငပလီကမ်းခြေဒေသများ၊ ဂွမြို့အနီး ပတ်ဝန်းကျင်ရှိ အလယ်ချောင်၊ ရေတွင်းတူး၊ ရဟင်ဖျားနှင့် ကင်းလျှာရှည် နေရာများ၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းတွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေ သက်ရောက်နိုင်သည့် အထက်ပါမြို့၊ ရွာများတွင် နေထိုင်ကြသူများအနေဖြင့် နီးစပ်ရာ ဆိုင်ကလုန်း Shelter များ (သို့မဟုတ်) ရေဘေးလွတ်ကင်းရာ ကုန်းမြေမြင့်များသို့ အချိန်မီရွှေ့ပြောင်း နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

  မုန်တိုင်းလမ်းကြောင်းနှင့် မုန်တိုင်းလေတိုက်ခတ်မှုနှုန်းများသည် အချိန်နှင့် တစ်ပြေးညီပြောင်းလဲမှုများရှိနိုင်ပါသဖြင့်           သတိပြုလိုက်နာနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR