ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

      “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ”၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual ပုံစံဖြင့် ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၃.၂.၂၀၂၁) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၅/၂၀၂၁)ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ (၈) ခု နှင့် အတွင်းရေးမှူးအဖွဲ့တို့ကိုလည်း ဆက်လက်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” ၏ အစည်းအဝေးများကို ၂၀၁၉ ခုနှစ်အတွင်း (၂)ကြိမ် ကျင်းပခဲ့ပြီး ယခုကော်မတီပြန်လည် ဖွဲ့စည်းထားရှိ၍  ပထမအကြိမ် ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ကို ကနဦးစီမံချက်နယ်မြေအဖြစ် သတ်မှတ်ထားရှိပါကြောင်း၊ တက်ရောက်လာသူ များမှ  ကလေးသူငယ်များ၏  အကောင်းဆုံးအကျိုးစီးပွားအတွက် ရှေးရှု၍ဆွေးနွေးပေး စေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ ပထမငါးနှစ်လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဘဏ္ဍာငွေလျာထားမှုအခြေ အနေများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှု များအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီးကာကွယ်ရန်၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများကို စီစစ်ဖော်ထုတ်၍ ဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဖယ်ရှားကုစားရန်၊ အခမဲ့ကျောင်းပညာ ရေးနှင့် သက်မွေးပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်၍ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်သွားရန် စသည့်လုပ်ငန်းစဉ်များကို ကော်မတီဝင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ကနဦး ဦးစားပေးစီမံချက်နယ်မြေများတွင်သာမက နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်သွားနိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ရန် လုပ်ငန်းစီမံချက် Action Plan ရေးဆွဲရန်လိုမည်ဖြစ်ပါကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ” အဖွဲ့ဝင်များနှင့် အလုပ်ရုံဆွေးနွေးပွဲအား Virtual ပုံစံဖြင့်ဖြစ်စေ ကျင်းပနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ တက်ရောက်လာသော ကော်မတီဝင် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း” များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများအား ရှာဖွေစုံစမ်းရေး၊ အဆိုးရွားဆုံးပုံစံ သို့မဟုတ် သာမန်အလုပ် ခိုင်းစေခြင်းခံရမှု အပေါ် စိစစ်ဖော်ထုတ်ရေး၊ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ် ဟုတ်၊မဟုတ်စိစစ်ရေး၊ ဥပဒေကြောင်းအရ အရေးယူရန် လို၊ မလိုတို့အား ဖော်ထုတ်ဆောင်ရွက်ရေး၊ လူမှုရေး နည်းလမ်းများအရ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်နှင့် ၎င်း၏ မိသားစုအား အကူအညီအထောက်အပံ့များပေးအပ်နိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သော ပံ့ပိုးမှုများဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အတွက် ကလေးသူငယ် တစ်ဦးချင်းစီ အလိုက် Potential ရှိသမျှ ဖွံ့ဖြိုးနိုင်ရေးအတွက် အတတ်နိုင်ဆုံးပံ့ပိုး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR