ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည်  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးကလေးပြုစုရေးဌာန၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး   ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရာ၌ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီစေတနာထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ သဘောသဘာဝအရဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုထိထိရောက်ရောက်ဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊ အသိပညာဗဟုသုတရရှိစေမည့် စာပေကောင်းများကိုဖတ်ရှု၍ အသိပညာပေးလုပ်ငန်းများအားကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပံ့ပိုးထောက်ပံ့ပေးလိုက်မူများကို  အချက်အလက်ပြည့်စုံစွာဖြင့် မှတ်တမ်းထားရှိရန်လိုအပ်ပါကြောင်းတိုက်တွန်းမှာကြားခဲ့ပါသည်။ ယင်းနောက် ဦးစီးဌာနများမှ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား အသီးသီးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် မန္တလေးကလေးပြုစုရေးဌာနရှိဝန်ထမ်းများ၊ ကလေးများနှင့်တွေ့ဆုံ၍ မိမိတို့စောင့်ရှောက်ပေးနေသည့်ကလေးများအနေဖြင့် ကျန်းမာကြံ့ခိုင်၍ ပညာရည်ပြည့်ဝရန်လိုအပ်ပါကြောင်း၊ အနာဂတ်တွင်ခေါင်းဆောင်များဖြစ်လာမည့် ကလေးသူငယ်များအနေဖြင့် မိမိတို့ထက်ပိုမို၍အရည်အချင်းရှိသူများဖြစ်လာအောင် ပြုစုစောင့်ရှောက်ပေးရမည်ဖြစ်ပါကြောင်း၊  ကလေးများအနေဖြင့်  ပြည်သူ့နီတိနှင့်နိုင်ငံသားကောင်းဖြစ်မှုကို ငယ်စဉ်ကတည်းက   လိုက်နာကျင့်သုံးနိုင်စေရေးသင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ပြုစုပျိုးထောင်ပေးလျက်ရှိသော ကလေးများနှင့်ပတ်သက်၍လည်း ငယ်စဉ်ကတည်းကအများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကိုယ်ချင်းစာနာစိတ်များထားရှိတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတတ်ရန်နှင့်အများကို ဦးစားပေးတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် သင်ကြားလေ့ကျင့်ပေးစေလိုပါကြောင်း၊ သို့မှသာ ဗလ(၅)တန်နှင့်ပြည့်စုံပြီး အနာဂတ်နိုင်ငံတော်၏ လူသားစွမ်းအားစုများဖြစ်လာမှာဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍သင်တန်းကျောင်းရှိစောင့်ရှောက်ထားသောကျောင်းသားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီးရေရှည်ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာများကိုတတ်မြောက်အောင်သင်ယူသွားရန်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် မိမိကိုယ်ကို ရပ်တည်နေထိုင်ပြီး သာယာအေးချမ်းသောမိသားစုဘဝများကို တည်ဆောက်ကြရန်နှင့် လူငယ်ဘဝတွင် ကျန်းမာသန်စွမ်း၍ မူးယစ်ဆေးဝါးကင်းရှင်းရန် အဓိကလိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရသော လူငယ်လူရွယ်များဖြစ်ရန် ကြိုးစားအားထုတ်နေထိုင်သွားစေလိုကြောင်းမှာကြားခဲ့ပြီး ကျောင်းသားများ၏ သက်မွေးပညာရပ်များသင်ကြားလေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ယင်းနောက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းနှင့် ဝန်ထမ်းအိမ်ရာ များသို့ သွားရောက်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR