ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မော်တော်ယာဉ်များအကြောင်းသိကောင်းစရာနှင့် အသေးစားပြုပြင်ခြင်းဆိုင်ရာနည်း ပညာဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာန၊စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်နည်းပညာဟောပြောမည့်ကျွမ်းကျင်ပညာရှင်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်မောင်းများအပါအဝင် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မော်တော်ယာဉ်များနှင့်စပ်လျဉ်းပြီး အဓိကအားဖြင့် အန္တရာယ်ကင်းရှင်းစေရန် မောင်းနှင်ဖို့လိုအပ်ပါကြောင်း၊ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုကြောင့်အသက်ဆုံးရှုံးမှုများ များပြားလျှက်ရှိပါကြောင်း၊ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းနှင့်အညီ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပွားနေပါကြောင်း၊ ယာဉ်အန္တရာယ်ဖြစ်ပွားမှု ကို လျှော့ချနိုင်ရေးသည်  လွန်စွာအရေးကြီးပါကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မော်တော်ယာဉ်မောင်းနှင်သူများ၊လိုက်ပါစီးနင်းသူများ၊လမ်းအသုံးပြုသူများစသည်တို့အနေဖြင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို သိရှိလိုက်နာရမည့်အပြင် မိမိတို့အသုံးပြုနေရသည့် ယာဉ်များနှင့်စပ်လျဉ်း၍လည်း အတိုင်းအတာတစ်ခုအထိ သိရှိကြရန်လိုအပ်ပါကြောင်း၊မိမိကိုယ်ပိုင်ယာဉ်၊ ဌာနပိုင်ယာဉ်များ၏ အသေးစားပြုပြင်မှုများကို မိမိတို့ကိုယ်တိုင် မှန်ကန် မြန်ဆန်စွာပြုပြင်နိုင်ခြင်းဖြင့် ယာဉ်ပျက်စီးမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို ခြိုးခြံ ချွေတာနိုင်မည်ဖြစ်ပါကြောင်း၊ ဤဟောပြောပွဲမှ မိမိတို့ဝန်ထမ်းတစ်ဦးချင်းစီ အသိပညာဗဟု သုတများ များစွာရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံဘဏ္ဍာရန်ပုံငွေများဖြင့် ကျခံဆောင်ရွက်ထားသည့် မော်တော်ယာဉ်များဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်၊ အန္တရာယ်ကင်းစေရန်၊ မိမိတို့ကိုယ်တိုင်ယာဉ်နှင့်စက်ကိရိယာများအကြောင်းသိရှိပြီး စနစ်တကျထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ဟောပြောပွဲကိုဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊မိမိတို့၏လုပ်ငန်းခွင်တွင် ရာထူးအဆင့်ဆင့်ဖြင့် မော်တော်ယာဉ်မောင်းများ၊ သန့်ရှင်းရေးဝန်ထမ်းများအထိ အဆင့်ဆင့်ဖွဲ့စည်းထားပြီး ကျရာတာဝန်ထမ်းဆောင်နေကြရပါကြောင်း၊ ရာထူးအဆင့်တစ်ခုချင်းစီအလိုက် အရေးပါသည်ကို တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ ရာထူးအဆင့်များထဲမှ ယာဉ်မောင်းများထံ ဝန်ထမ်းအားလုံး၏ အသက်နှင့်ခန္ဓာကို  ဝကွက်အပ်ပြီး လိုရာခရီးကို အချိန်မီပို့ဆောင်နေကြပါကြောင်း၊ ယာဉ်မောင်းများနှင့် ဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပြင် မော်တော်ယာဉ်နှင့်ပတ်သက်ပြီး  နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်များအား သိရှိနားလည်သဘောပေါက်ကြမှသာ အန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်မည်ဖြစ်ပါကြောင်း၊ယာဉ်မောင်းများအနေဖြင့် မိမိမော်တော်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နိုင်ရုံသာမကယာဉ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းတည်ဆောက်မှု၊ လည်ပတ်အသုံးပြုမှုစနစ်များကို သိရှိရန်လည်းလိုပါကြောင်း၊ အင်တာနက်ခေတ်တွင် ဖုန်းတစ်လုံးရှိရုံဖြင့် အလွယ်တကူလေ့လာရနိုင်သော်လည်း ဘာသာရပ်ကျွမ်းကျင်သူ၏ ဟောပြောပို့ချလမ်းညွှန်မှုများကလည်း လေ့လာသင်ယူမှုကို ပိုမိုထိရောက်စေနိုင်တာဖြစ်၍ ယခုကဲ့သို့ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနက ကျွမ်းကျင်ပညာရှင်များခေါ်ယူပြီး နည်းပညာဟောပြောပွဲပြုလုပ်ထားခြင်းဖြစ်ပါကြောင်းနှင့် လာရောက်ဆွေးနွေးပေးသည့် ကျွမ်းကျင်ပညာရှင်များအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျွမ်းကျင်ပညာရှင်များမှ မော်တော်ယာဉ်ဆိုင်ရာအခြေခံဖွဲ့စည်းပုံ၊ တာယာ အကြောင်းသိကောင်းစရာများ၊ အင်ဂျင်အခြေခံသဘောတရာများနှင့် တည်ဆောက်ပုံ၊ချောဆီ၊ အင်ဂျင်ဝိုင်စစ်ဆေးလဲလှယ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းနည်းလမ်းများ၊ မော်တော်ယာဉ် စနှိုး စနစ်နှင့်မော်တော်ယာဉ်အခြေခံလျှပ်စစ်ထိန်းချုပ်မှုစနစ်များစသည်တို့နှင့်စပ်လျဉ်းသည့်သိမှတ်ဖွယ်ရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR