ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်(၁၃.၁၂.၂၀၂၅)ရက်နေ့၊နံနက်ပိုင်းတွင်တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသည့်ခဝဲခြံမျက်မမြင်ကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းတာဝန်ခံမှကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် မျက်မမြင်ကလေးများ စာမေးပွဲဖြေဆိုရန်ပြင်ဆင်နေမှု၊ လက်မှုပညာသင်ကြားနေမှု၊ မျက်မမြင်စာကြည့်တိုက်၊ မုန့်ဖုတ်ခန်းတို့အားလိုက်လံကြည့်ရှုပါသည်။ ထို့နောက် စုပေါင်းခန်းမတွင် မျက်မမြင်ကလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းရှိဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား မုဒိတာစကားပြောကြားရာ အမြင်အာရုံမသန်စွမ်းသူများ၏ ဘဝရပ်တည်ရေးအတွက် လေ့ကျင့်သင်ကြားပေးနေသည့် ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ မသန်စွမ်းသူများသည် အခက်အခဲများ အတားအဆီးများကို ကျော်လွှားပြီးအောင်မြင်နေမှုများကို တစ်ကမ္ဘာလုံးတွင် တွေ့မြင်နေရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် မသန်စွမ်းသူများ အတားအဆီးကင်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာများသင်ယူနိုင်ရေး၊ အလုပ်အကိုင်များရရှိရေးနှင့် မှီခိုမှုကင်းသော ဘဝရပ်တည်နေထိုင်နိုင်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသော်လည်း  စွမ်းဆောင်နိုင်သူ များဖြစ်သည့်အလျှောက် စွမ်းဆောင်ရည်ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းကျောင်းများအတွက် တည်ထောင်ခွင့်ပြုမိန့်နှင့် ဆန်၊ စားစရိတ်၊ အဝတ်အစားစရိတ်နှင့် ဂေဟာမှူးလစာများထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ခဝဲခြံမျက်မမြင်ကျောင်းအား နှစ်စဉ်ဆန်ဘိုးထောက်ပံ့ပေးလျက်ရှိပါကြောင်း၊လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်းပြောကြားကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ကျောင်းသား/ကျောင်းသူများက ပြည်ထောင်စုဝန်ကြီးအား မေတ္တာစက်ဝိုင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီးပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ဒဂုံမြို့နယ်ရှိ မေရီချက်(ပ်)မင်းနားမကြားသော ကလေးများကျောင်းသို့ရောက်ရှိခဲ့ရာ ကျောင်းကြီးကြပ်ရေးအဖွဲ့ တာဝန်ခံမှကျောင်းတွင် အကြားအာရုံမသန်စွမ်းသော အသက် (၅) နှစ်နှင့်အထက် ကလေးများကို လက်ခံ၍ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးမှုနှင့်  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေမှုများကိုရှင်းလင်းတင်ပြပါသည်။ပြည်ထောင်စုဝန်ကြီးသည်မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်း၏ ပြတိုက်၊ နားမကြားသောကလေးများအား Sign Language ဖြင့် စာပေသင်ကြားနေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်ကြားနေမှုများနှင့်Audio Class၊ ဂျပန်အကြောပြင်အနှိပ်ခန်း၊ စာသင်ဆောင်၊ အိပ်ဆောင်များသို့လှည့်လည်ကြည့်ရှုပြီးနားမကြားသောသူများအတွက် ပညာရေးကို အလေးပေးဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းအတွက် မိမိတို့ဝန်ကြီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ၃၁.၈၁၈ သန်းအား ထောက်ပံ့ပေးထားပါကြောင်း၊ နားမကြားသူများလူမှုအသိုင်းအဝန်း အတွင်း ဝင်ဆံ့နိုင်ရေး၊ အခက်အခဲအတားအဆီးများ ဖယ်ရှားပေးနိုင်ရေး၊ အမှီအခိုကင်းစွာရပ်တည်နိုင်ရေးတို့ လေ့ကျင့်ပေးစေလိုကြောင်းမှာကြားခဲ့ပြီး ကျောင်းအတွက် အလှူငွေပေးအပ်ခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းတွင်မျက်မမြင်ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးကိုလည်းကောင်း၊မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းတွင်နားမကြားသော ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးကိုလည်းကောင်းလက်ခံစောင့်ရှောက်၍ စာပေနှင့် အသက်မွေးပညာများသင်ကြားပေးလျက်ရှိပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR