ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Center-DMC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ၄--၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ() ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၇၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ယခုအခါ ငလျင်လှုပ်ခတ်မှု အကြိမ်အရေအတွက်နှင့် ပြင်းအားလျော့ကျလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၆၅၃ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး၊ Dead Body ၆၄၀ ဦး ရှာဖွေနိုင်ခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့် ၅၊ Level 5 ကြေညာထားပါကြောင်း၊ ဝန်ထမ်းများနှင့် ပြည်သူများ နေထိုင်တာဝန် ထမ်းဆောင်ရန် အခက်အခဲရှိသဖြင့် မိုးမကျမီ ယာယီအမိုးအကာအောက်သို့ ရောက်ရှိရေး အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဆောက်အဦများကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အနီရောင်၊ အဝါရောင်နှင့်  အပြာရောင်ဟူ၍ အဆင့် ၃ မျိုး ခွဲခြားစစ်ဆေးပေးရန်လိုကြောင်း၊ ယာယီအဆောက်အဦများအဖြစ် Assembled Board House - ABH များ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆောက်အဦ၊ လမ်းတံတား ကဏ္ဍအလိုက် ပြုပြင်ဆောင်ရွက် မှုများ အရှိန်အဟုန် မြှင့်တင်ပေးကြ စေလိုပါကြောင်း မှာကြားပါသည်။

 အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ()က ရုံးအဆောက်အဦ၊ ဆေးရုံများနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီတို့မှ ဦးဆောင်၍ ချက်ချင်း စစ်ဆေးပေးရန်လိုကြောင်း၊ နိုင်ငံတကာအကူအညီများနှင့် အလှူပစ္စည်းစာရင်းများအား စနစ်တကျဖြန့်ခွဲ နိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌများနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  ငလျင်ဒဏ်သင့်ပြည်သူ များနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်ရန် ‌ေဆာင်ရွက်လျက်ရှိသည့် ဝဏသိဒ္ဓိ၊ သုခသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဗလသိဒ္ဓိမြို့နယ်တို့အတွင်းရှိ အားကစားကွင်း(၅)ကွင်းတွင် ယာယီတဲများ တည်ဆောက်နေမှု၊ ရေမီး၊ မိလ္လာကိစ္စများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေး၍ အမြန်ပြီးစီးရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR