ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၂)အစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရှိအမျိုးသမီးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်ရန်၊မြှင့်တင်ဆောင်ရွက်ရန်၊ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားကျယ်ပြန့်ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်ကျား၊မရေးရာဆိုင်ရာကိစ္စရပ်များကို အစိုးရ၏မူဝါဒများတွင်ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက်ဝန်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရန်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကိုလည်းကောင်း၊ ဒေသအလိုက်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ပြန့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ ခရိုင်(၇၄)ခု၊မြို့နယ်(၃၃၀)ခုတို့တွင်အမျိုးသမီးကော်မတီများကိုလည်းကောင်းဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ယခုအခါနေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာတိုးချဲ့ဖွဲ့စည်းလိုက်သည့်ခရိုင်များတွင်လည်းအမျိုးသမီးကော်မတီများဖွဲ့စည်းရန်မှာကြားလိုပါကြောင်း။ အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံရှိအမျိုးသမီးများအတွက်လိုအပ်သည့်မူဝါဒများ၊လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့်ဥပဒေများပြင်ဆင်ခြင်း၊အသစ်ရေးဆွဲခြင်း၊နိုင်ငံတကာနှင့်ဒေသတွင်း အမျိုးသမီးကဏ္ဍဆိုင်ရာလုပ်ငန်းများကိုအဓိကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေးကို တစ်နှစ်လျှင်(၂)ကြိမ်ကျင်းပဆောင်ရွက်လျက်ရှိပြီးလုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်သည့်ကြီးကြပ်လမ်းညွှန်မှုများဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) သည် ယခုနှစ်ကုန်ထွက် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက်NSPAW Phase I ကိုပြန်လည်သုံးသပ်ချက်များပြုလုပ်ထားရှိပါကြောင်း။သုံးသပ်ချက်အရအားသာချက်/အားနည်းချက်များပေါ်မူတည်ကာ NSPAW Phase IIကိုရေးဆွဲရေးဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပါကြောင်း။ ၂၀၁၉ခုနှစ်ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအစီရင်ခံစာအရမြန်မာနိုင်ငံတွင်အမျိုးသမီး၅၃.၂ရာခိုင်နှုန်းပါဝင်ကြောင်း၊ အသက်၁၅နှစ်နှင့်အထက်အမျိုးသမီးစာတတ်မြောက်မှုနှုန်းမှာ၈၆.၃ရာခိုင်နှုန်းရှိပြီးအမျိုးသားလုပ်သားအင်အားပါဝင်မှုနှုန်းမှာ၇၆ရာခိုင်နှုန်းရှိသော်လည်း အမျိုးသမီးလုပ်သားအင်အားပါဝင်နှုန်းမှာ၅၃ရာခိုင်နှုန်းရှိသည့်အတွက်ကျား၊မကွာခြားမှုရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ (မြန်မာနိုင်ငံပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ၏အနေအထားကိုလေ့လာခြင်း)  အစီရင်ခံစာအရ အစိုးရဌာနများ၏ ဆုံးဖြတ်ချက်ချနိုင်သည့် ရာထူးနေရာများရှိ ညွှန်ကြားရေးမှူးချုပ်အဆင့်တွင် အမျိုးသားပါဝင်မှု ၈၃.၈ ရာခိုင်နှုန်းနှင့် အမျိုးသမီးပါဝင်မှု ၁၆.၂ ရာခိုင်နှုန်းရှိပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်တွင် အမျိုးသားပါဝင်မှု ၆၇.၈ ရာခိုင်နှုန်းနှင့် အမျိုးသမီးပါဝင်မှု ၃၂.၂ ရာခိုင်နှုန်းရှိပြီး၊ ညွှန်ကြားရေးမှူးအဆင့်တွင်  အမျိုးသားပါဝင်မှု ၅၀.၇ ရာခိုင်နှုန်းနှင့် အမျိုးသမီးပါဝင်မှု ၄၉.၃ ရာခိုင်နှုန်း ရှိပါကြောင်း၊ ပြန်တမ်းဝင်မဟုတ်သည့် အမှုထမ်းအဆင့်တွင် အမျိုးသားပါဝင်မှု ၃၇.၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးပါဝင်မှု ၆၂.၆ ရာခိုင်နှုန်းရှိပါကြောင်းနှင့် ယခုအခါ အစီရင်ခံစာပါအချက်များအနေဖြင့် တိုးတက်မှုများရှိလာနိုင်ပါကြောင်း။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု လူထုအသိပညာပေးမှုများလာမည့်နိုဝင်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက်အတွင်း ကျင်းပပြုလုပ်သွားမည့်မှာဖြစ်သည့်အတွက် သတ်မှတ်ကာလအတွင်း အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း။ "ကိုဗစ် - ၁၉ကာလအတွင်းကျေးလက်နေအမျိုးသမီးများအတွက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစီမံချက်” ကို ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနှင့် ရခိုင်ပြည်နယ်စီမံချက်ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊၊ Helpline ဝန်ဆောင်မှုရယူသူများဖုန်းခေါ်ဆိုရာမှာအထူးချိတ်ဆက်ဖုန်းနံပါတ်ဂဏန်း(၄)လုံး (4-digits)ရရှိရေးပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းချိတ်ဆက်ထားပြီး မကြာမီမှာကြေညာပေးသွားမှာဖြစ်ပါကြောင်း။ ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ဆွေးနွေးတင် ပြခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များမှ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းနှင့် နေပြည်တော်အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီများ၏ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများက သက်ဆိုင်ရာဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR