ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သောဝန်ကြီးဌာန၊ အဖွဲ့အစည်း ၂၅ ခုမှ ဝန်ထမ်းအိမ်ရာမြေညီထပ်အခန်း ၄၉၉ ခန်းအတွက် အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ၆ မျိုးထောက်ပံ့ပေးအပ်ပွဲကိုယနေ့ နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီးများဦးဆောင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌  ကျင်းပသည်။

ဦးစွာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က ငလျင်ဒဏ် ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မှုမှာငလျင်ဒဏ်ကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းအိမ်ရာမြေညီထပ်နေဝန်ထမ်းများကိုနိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်မှုဖြစ်ပါကြောင်း၊ ထောက်ပံ့နိုင်ရန်အတွက် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ စာရင်းများတောင်းခံရယူ၍ အကြိမ်ကြိမ်သေချာစွာစိစစ်ခဲ့ရကြောင်း၊ ရရှိလာသောစာရင်းများပါ မြေညီထပ်အခန်း ၄၉၉ ခန်းအတွက် ပုံမှန်နေ့စဉ်လူနေမှုဘဝကိုအတိုင်းအတာတစ်ခုဖြည့်ဆည်းပေးနိုင်ရန်အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် လျှပ်စစ်ပစ္စည်းများဖြစ်သောရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊လျှပ်စစ်ဟင်းချက်အိုး၊ လျှပ်စစ်မီးပူတို့ကိုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းတို့ကိုပြောကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကတင်ဒါကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့်ငလျင်ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းပြောကြားပြီးဒုတိယဥက္ကဋ္ဌများကဝန်ကြီးဌာန/အဖွဲ့အစည်းတစ်ခုချင်းစီအလိုက် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ၆ မျိုးထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိတိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးဌာန/အဖွဲ့အစည်း ၂၅ ခုရှိတိုက်အရေအတွက် ၁၂၄ လုံးမှ မြေညီထပ် ၄၉၉ ခန်းနေဝန်ထမ်းမိသားစုများအားမီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ၆ မျိုးထောက်ပံ့ရန်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှထောက်ပံ့ငွေကျပ်သိန်းပေါင်း ၁၀၇၈၀ကျော် ကျခံထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR