ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်နှင့်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်ယမန်နေ့မွန်းလွဲပိုင်းကတောင်ငူခရိုင်စီမံခန့်ခွဲရေးအဖွဲ့ရုံး၊ ဘုရင့်နောင်ခန်းမတွင်၁၁.၉.၂၀၂၄ရက်နေ့ကစ၍စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် တောင်ငူမြို့အတွင်းရပ်ကွက်၈၊၉၊၁၀၊၁၉၊၂၀များတွင်ကယ်ဆယ်စခန်း(၁၇)ခု၊ရေတာရှည်မြို့တွင်စခန်း (၁၁)ခု၊ထန်းတပင်မြို့တွင်(၃)ခု၊အုတ်တွင်းမြို့တွင်(၁)ခုစုစုပေါင်းရေဘေးရှောင်စခန်း(၃၆)ခု၊အိမ်ထောင်စု(၄၂၃၄)စု၊လူဦးရေ(၁၆၅၃၉)တို့အတွက်ရေဘေးရှောင်စခန်းများဖွင့်လှစ်၍စောင့်ရှောက်ထားမှုအခြေအနေနှင့်စစ်တောင်းမြစ်ရေထပ်မံတိုးလာပါကရွှေ့ပြောင်းရမည့်အနိမ့်ပိုင်းရပ်ကွက်များရှိပြည်သူများအားကြိုတင်အသိပေးရေး၊အချိန်မီရွေ့ပြောင်းနိုင်ရန်အတွက်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များစနစ်တကျစုဖွဲ့ထားရှိရေး၊ဖွင့်လှစ်ထားသည့်စခန်းများမှပြည်သူများအားစနစ်တကျနေရာချထားကျွေးမွေးမှုစီမံဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးစသည်များအတွက်လိုအပ်သောဆပ်ကော်မတီများအားစနစ်တကျဖွဲ့စည်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူရွှေဂူကြီးရေဘေးရှောင်စခန်း၊အ.ထ.က(၆)ရေဘေးရှောင်စခန်း၊အ.ထ.က(၅)ရေဘေးရှောင်စခန်း၊လောကုတ္တရာဘုန်းကြီးကျောင်းရေဘေးရှောင်စခန်းများသို့သွားရောက်၍အိမ်ထောင်စု(၆၁၂)စုမှလူဦးရေ(၂၁၀၆)ဦးအတွက်ဆန်ရိက္ခာဖိုးငွေကျပ်၈၈၄၅၂၀၀ကျပ်နှင့်ခေါက်ဆွဲခြောက်ဖိုးငွေ၁၂၆၃၆၀၀ကျပ်စုစုပေါင်းတန်ဖိုးငွေ၁၀၁၀၈၈၀၀ကျပ်တို့ကိုထောက်ပံပေးခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR