ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို (၁၉.၁၂.၂၀၂၃) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဉက္ကဌ(၂) အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)က အဖွင့် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းများကိုစတင်‌ဆောင်ရွက်ခဲ့ ပါကြောင်း၊ တစ်နိုင်ငံလုံး ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာဌာနများပါဝင်သည့် အမျိုးသားကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည်သာမာန်အားဖြင့်ငွေကြေးအကုန်အကျများသည်ဟု ထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏လူမှုစီးပွားထိခိုက်လွယ်မှု အခြေအနေများကို လျှော့ချပေးခြင်း၊  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူဖြစ်ပြီးအခြေခံဝင်ငွေကို အထောက်အပံ့ဖြစ်စေပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များ(Sustainable Development Goals-SDGs)နှင့်မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan- MSDP)”များပြည့်မီရေးတွင် အဓိကကျပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးသည် ရင်းနှီးမြှုပ်နှံသင့်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအစီရင်ခံစာများအရ တစ်ကမ္ဘာလုံး၏ “GDPတွင်လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်းသည်၁၂.၉ ရာခိုင်နှုန်းရှိပြီးဝင်ငွေအနည်းဆုံးနိုင်ငံများအနေဖြင့် ၁.၁ ရာခိုင်နှုန်း ရှိကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ၀.၉၉ ရာခိုင်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်များကိုအညွှန်းကိန်းများတွက်ချက်ဖော်ပြခြင်းဖြင့် နိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဖော်ပြနိုင်မှာဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်‌အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်၊အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးသူများအား ထောက်ပံ့သောလူမှုရေးပင်စင် ထောက်ပံ့သည့်အစီအစဉ်နှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ  ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများသာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှလည်း ပူးပေါင်း‌ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၏ အရေးကြီးသောလုပ်ငန်းနယ်ပယ်များဖြစ်သည့် အာဟာရပြည့်ဝရေး၊ပညာရည်မြင့်မားရေး၊ (၅)နှစ်အောက်ကလေးသေဆုံးမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးကိစ္စရပ်များအတွက် ရေးဆွဲပြဋ္ဌာန်းထားသော မူဝါဒများ၊ မဟာဗျူဟာစီမံချက်များနှင့်အညီ နိုင်ငံတော်အဆင့်အနေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အရေးကြီးပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ(၂)၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က လူမှုကာကွယ်စောင့်‌ရှောက်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့က ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းတိုးမြှင့်ရရှိရေး ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်မှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အညွှန်းကိန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် မူကြမ်း (၆) ရပ်ကို ချမှတ်ခဲ့ပါသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၊ဒုတိယဥက္ကဋ္ဌ(၁) က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR