ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည်အောက်တိုဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိဘရူနိုင်းနိုင်ငံ၊ဘန်ဒါဆရီဘီဂါဝမ်မြို့၌ကျင်းပပြုလုပ်လျက်ရှိသည့်(၁၂) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM)နှင့်ဆက်စပ်အစည်းအဝေးများသို့တက်ရောက်လျက်ရှိပါသည်။

အောက်တိုဘာလ(၂၃)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအလိုက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အစည်းအဝေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ညှိနှိုင်းဆွေးနွေးပြီးနောက် အိမ်ရှင်ဘရူနိုင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ၊ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး ဥက္ကဌ၊H.E. Dato Seri SetiaAwang Haji Ahmaddin bin Haji Abdul Rahmanကတည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့ အခြားသော အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဗောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့်အတူတက်ရောက်ခဲ့ပါသည်။

အောက်တိုဘာလ(၂၄)ရက်နံနက်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည်၂၀၂၄ ခုနှစ်အာဆီယံ နေ့အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားပထမပိုင်းအစီအစဥ်များသို့ တက်ရောက်ခဲ့ ပါသည်။ ယင်းနောက် “Building Resilient ASEAN through Inclusive and Sustainable Disaster Recovery”ဆောင်ပုဒ်ဖြင့်ကျင်းပပြုလုပ်သည့်(၁၂) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ ဆက်လက် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဆောင်ရွက်မှုများကို သက်ဆိုင်ရာနိုင်ငံအလိုက် ဝန်ကြီးများကပြောကြားကြရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကယနေ့အစည်းအဝေး၏ဆောင်ပုဒ်ဖြစ်သော“Building Resilient ASEAN through Inclusive and Sustainable Disaster Recovery”သည် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အာဆီယံ ဖြစ်လာစေရေးအတွက်လွန်စွာအရေးကြီးပါကြောင်း၊အာဆီယံဒေသတွင်းနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ညီမျှတအောင် ကြိုးပမ်းအားထုတ်နေရပါကြောင်း၊ တွေ့ကြုံလာရသော အဟန့်အတားမှန်သမျှကို တစ်နိုင်ငံခြင်းစီအလိုက် တုံ့ပြန်ရန် အကန့်အသတ်များစွာရှိပါကြောင်း၊ ဒေသတွင်းနိုင်ငံအားလုံးပါဝင်သည့် တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှုဟူသည့် အာဆီယံ၏ခိုင်မြဲသော ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒလမ်းစဉ်ဖြင့်သာ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော ‌အာဆီယံအသိုက်အဝန်းကို ဖေါ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်တည်ဆောက်ရေး ဟူသည့် ပြန်လည်ကုစားရေးလုပ်ငန်းစဥ်သည် ကဏ္ဍစုံတွင် စဥ်ဆက်မပြတ် အားလုံးပူးပေါင်း ဆောင်ရွက်ရသည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အထူးဦးစားပေးဆောင်ရွက်နေမှုကို အသိပေးလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မကြာသေးမီကာလများက လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများနှင့်အတူ ဆိုင်ကလုန်းရာဂီ၏ သက်ရောက်မှုကို မမျှော်လင့်ဘဲ ပြင်းထန်စွာ ခံစားခဲ့ရပါကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါဘေးသင့်ဒေသများကိုမူလအနေအထားထက်ပိုမိုကောင်းမွန်သည့်အခြေအနေသို့ရောက်ရှိစေရန်နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီကဦးဆောင်၍ လိုအပ်သောထောက်ပံ့မှုများဖြင့်ပြန်လည်ထူထောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ဘေးသင့်ဒေသများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ကူညီထောက်ပံ့ခဲ့ကြသည့်အာဆီယံနိုင်ငံများနှင့်မိတ်ဆွေနိုင်ငံများကိုကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။အာဆီယံနိုင်ငံများကလည်း သက်ဆိုင်ရာနိုင်ငံများအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲဆောင်ရွက်နေမှုများကို အသီးသီး ပြောကြားကြပါသည်။

ယင်းနောက်အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်အာဆီယံလူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ညှိနှိုင်းရေးဌာန‌ (AHA Centre)တို့က၂၀၂၄ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘာတူစာချုပ် အကောင်အတည်ဖေါ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေရရှိသုံးစွဲမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဝန်ကြီးများက မေးမြန်းဆွေးနွေးကြပါသည်။

ယင်းနောက် အစည်းအဝေးကို ခေတ္တရပ်နား၍ အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများသည် ဘရူနိုင်းနိုင်ငံ၊ တော်ဝင်အိမ်ရှေ့မင်းသားအိမ်တော်သို့ သွားရောက်ကာ အိမ်ရှေ့ မင်းသား HaJi AI-MuhtadeeBillahကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR