ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေးအားယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ကော်မတီဝင်များ၊အမျိုးသမီးအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီလက်ထက်တွင်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီကို အဖွဲ့ဝင် (၃၁) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒုတိယဝန်ကြီး များပါဝင်သည့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုများဖြင့်NSPAW တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ် (၁၂) ရပ်အလိုက်သက်ဆိုင်ရာလုပ်ငန်းကော်မတီ  Focal ဌာနများအနေနှင့်  NSPAW (၂၀၂၃-၂၀၃၂) ၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ (၂)နှစ်အစီရင်ခံစာအပေါ်၌  အောင်မြင်မှု၊ စိန်ခေါ်မှု၊ လက်ရှိအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ်များအား   ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များအားမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေးတွင် တင်ပြသွားရမည်ဖြစ်ပါကြောင်း၊NSPAW (၂၀၂၃-၂၀၃၂) အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင်Video Clip ဖြင့် မိတ်ဆက်အသိပေးနိုင်ခဲ့ပါကြောင်း၊ NSPAW (၂၀၂၃ - ၂၀၃၂) စာအုပ်များအား၂၅-၃-၂၀၂၅ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် NSPAW လုပ်ငန်းစဉ်များ အသိပညာပေးအစီအစဉ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် အမျိုးသမီးအဖွဲ့များသို့လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် လည်းကောင်း  ဖြန့်ဝေခဲ့ပါကြောင်း၊ NSPAW (၂၀၂၃ - ၂၀၃၂) စာအုပ်အား ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန်အတွက် ဝန်ကြီးဌာန Website တွင်လည်း လွှင့် တင်ထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အင်္ဂလိပ်ဘာသာဖြင့် ထပ်မံထုတ်ဝေနိုင်ရေး ပုံနှိပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက  NSPAW (၂၀၂၃-၂၀၃၂) တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ်(၁၂)ရပ်ဖြစ်သည့် အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာလုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့်ပညာရေး၊လေ့ကျင့်သင်ကြားရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းကော်မတီ ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာလုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့်အရေးပေါ်အခြေအနေများဆိုင်ရာ လုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့် ဆုံးဖြတ်ချက်ချမှတ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများလုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ၊ အမျိုးသမီးများနှင့် မီဒီယာဆိုင်ရာ လုပ်ငန်းကော်မတီ၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းကော်မတီ၊ အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ဝန်ကြီးဌာန (၁၉)ခုနှင့် အမျိုးသမီးအဖွဲ့(၅)ဖွဲ့တို့မှ ကိုယ်စားလှယ် စုစုပေါင်း  (၃၁)ဦးတို့က လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား  ဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားပြီး နေ့လယ် (၁၂:၀၀) နာရီတွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR