ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ခဲ့ပြီး သင်တန်းကျောင်းကျောင်းအုပ်မှ သင်တန်းသူများစောင့်ရှောက်ထား ရှိမှုအခြေအနေ၊ သက်မွေးသင်တန်းများဖွင့်လှစ်သင်ကြားနေမှုများ၊ ထုတ်ကုန်ပစ္စည်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူးကခရိုင်အတွင်းလူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်နေမှုများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများ၏  ကျောင်းတည်နေရာပြမြေပုံအား ရှင်းလင်းပြီး ကြည့်ရှုရလွယ်ကူရန် ကွန်ပျူတာဖြင့်ဒီဇိုင်းရေးဆွဲတင်ပြရန်၊ ကျန်းမာရေးစောင့်ရှောက်နိုင်ရေး အတွက်  သူနာပြုအကူသင်တန်းတက်ရောက်ပြီးသူများအား မွမ်းမံသင်တန်းများထပ်မံပေးရန်၊  သင်တန်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး  ဦးစားပေးဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြု အိမ်တွင်းမှုသင်တန်းများအား ရပ်ရွာ၏လိုအပ်ချက်နှင့်အညီဖွင့်လှစ်ပေးရန်တို့ကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည့်နေရာကို ကြည့်ရှုခဲ့ပါသည်။ ကျောင်းဝင်းအတွင်းရှိ (၂)ထပ် ကျောင်းဆောင်ဟောင်းပြုပြင်နိုင်ရေးအတွက်  ကြည့်ရှုပြီးလိုအပ်သည်များ မှာကြားခဲ့ ပါသည်။ ၎င်းနောက် သင်တန်းသူများအလုပ်လုပ်ကိုင်လျက်ရှိသော ယက္ကန်းရုံ၊ စက်ချုပ်ခန်း၊ လက်မှုခန်းနှင့် အရောင်းဆိုင် တို့ကို ကြည့်ရှုစစ်ဆေးပြီး ‌ကျောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ခေတ်ကာလနှင့်လျော်ညီသော အရည်အသွေးဝင် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာနတွင် စောင့်ရှောက်ထားသော အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျန်းမာရေး၊ တို့အတွက် လမ်းညွှန်မှုများပေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင်  လက်ရှိ ကျောင်းသူ (၁၄၁)ဦးလက်ခံစောင့်ရှောက်ထားပြီး ယင်းကျောင်းသူများအနက် အမြဲတမ်းဝန်ထမ်း(၉)ဦး၊ နေ့စားဝန်ထမ်း(၃၁)ဦး၊ ကျောင်းတွင်းယက္ကန်းအလုပ်ရုံတွင်(၁၂)ဦး၊  စက်ချုပ်/ လက်ပန်းထိုးခန်းတွင်(၂၃)ဦး( မသန်စွမ်းသူ ၁၁ ဦးအပါအဝင်)၊ ဆံပင်ကြိုးထိုးလုပ်ငန်းတွင်(၁၂)ဦး၊  သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးနှင့် အကူသူနာပြု သင်တန်းသို့တက်ရောက်နေသူ (၁၅)ဦးစုစုပေါင်း(၁၀၂)ဦးအလုပ်အကိုင်အခွင့်အလမ်း ရရှိလျက်ရှိပါသည်။ အလုပ်လုပ်ကိုင်င်နိုင်ခြင်းမရှိသော အသက်ကြီးသူ(၆)ဦး၊ မသန်စွမ်းသူ(၃)ဦး၊ စိတ်ကျန်းမာရေးကုသမှုခံယူနေရသူ(၃၀)ဦး စုစုပေါင်း (၃၉)ဦး ကို စောင့်ရှောက်ထားရှိပါကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR