ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ခဲ့ပြီး သင်တန်းကျောင်းကျောင်းအုပ်မှ သင်တန်းသူများစောင့်ရှောက်ထား ရှိမှုအခြေအနေ၊ သက်မွေးသင်တန်းများဖွင့်လှစ်သင်ကြားနေမှုများ၊ ထုတ်ကုန်ပစ္စည်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူးကခရိုင်အတွင်းလူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်နေမှုများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများ၏  ကျောင်းတည်နေရာပြမြေပုံအား ရှင်းလင်းပြီး ကြည့်ရှုရလွယ်ကူရန် ကွန်ပျူတာဖြင့်ဒီဇိုင်းရေးဆွဲတင်ပြရန်၊ ကျန်းမာရေးစောင့်ရှောက်နိုင်ရေး အတွက်  သူနာပြုအကူသင်တန်းတက်ရောက်ပြီးသူများအား မွမ်းမံသင်တန်းများထပ်မံပေးရန်၊  သင်တန်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး  ဦးစားပေးဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြု အိမ်တွင်းမှုသင်တန်းများအား ရပ်ရွာ၏လိုအပ်ချက်နှင့်အညီဖွင့်လှစ်ပေးရန်တို့ကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည့်နေရာကို ကြည့်ရှုခဲ့ပါသည်။ ကျောင်းဝင်းအတွင်းရှိ (၂)ထပ် ကျောင်းဆောင်ဟောင်းပြုပြင်နိုင်ရေးအတွက်  ကြည့်ရှုပြီးလိုအပ်သည်များ မှာကြားခဲ့ ပါသည်။ ၎င်းနောက် သင်တန်းသူများအလုပ်လုပ်ကိုင်လျက်ရှိသော ယက္ကန်းရုံ၊ စက်ချုပ်ခန်း၊ လက်မှုခန်းနှင့် အရောင်းဆိုင် တို့ကို ကြည့်ရှုစစ်ဆေးပြီး ‌ကျောင်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ခေတ်ကာလနှင့်လျော်ညီသော အရည်အသွေးဝင် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာနတွင် စောင့်ရှောက်ထားသော အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျန်းမာရေး၊ တို့အတွက် လမ်းညွှန်မှုများပေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင်  လက်ရှိ ကျောင်းသူ (၁၄၁)ဦးလက်ခံစောင့်ရှောက်ထားပြီး ယင်းကျောင်းသူများအနက် အမြဲတမ်းဝန်ထမ်း(၉)ဦး၊ နေ့စားဝန်ထမ်း(၃၁)ဦး၊ ကျောင်းတွင်းယက္ကန်းအလုပ်ရုံတွင်(၁၂)ဦး၊  စက်ချုပ်/ လက်ပန်းထိုးခန်းတွင်(၂၃)ဦး( မသန်စွမ်းသူ ၁၁ ဦးအပါအဝင်)၊ ဆံပင်ကြိုးထိုးလုပ်ငန်းတွင်(၁၂)ဦး၊  သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးနှင့် အကူသူနာပြု သင်တန်းသို့တက်ရောက်နေသူ (၁၅)ဦးစုစုပေါင်း(၁၀၂)ဦးအလုပ်အကိုင်အခွင့်အလမ်း ရရှိလျက်ရှိပါသည်။ အလုပ်လုပ်ကိုင်င်နိုင်ခြင်းမရှိသော အသက်ကြီးသူ(၆)ဦး၊ မသန်စွမ်းသူ(၃)ဦး၊ စိတ်ကျန်းမာရေးကုသမှုခံယူနေရသူ(၃၀)ဦး စုစုပေါင်း (၃၉)ဦး ကို စောင့်ရှောက်ထားရှိပါကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR