ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးကလေးပြုစုရေးဌာန၌ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းစာအားအမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးကလေးပြုစုရေးဌာန အဆောက်အဦ သစ်အား လှည့်လည်ကြည့်ရှုပြီး  အဆောက်အဦများ ရေရှည်တည်တံ့မှုရှိစေရေး စနစ်တကျ ထိန်းသိမ်းသုံးစွဲရန်၊ ကျောင်းအတွင်းအပြင်သန့်ရှင်းသာယာလှပ‌‌ရေးကို ဂရုတစိုက်ဆောင်ရွက်ရန်၊ စောင့်ရှောက်ထားရှိသောကလေးများ၏ ကျန်းမာရေးနှင့် ရေရှည်ဘဝရပ်တည်‌ရေးတို့အတွက် အစီအမံများချမှတ်၍ ဆောင်ရွက်ပေးရန်၊ အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော ကလေးများအတွက်လည်း ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သောအထောက်အကူပြုကိရိယာများ  စနစ်တကျသုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကလေးများအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်မန္တလေးတွင်ကျင်းပပြုလုပ်သော သက်ကြီးပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိရာ   မွေးစမှသည် သက်ကြီးရွယ်အိုဘဝအထိ လုပ်ငန်းအစီအစဉ်(၈)ရပ်ကိုရေးဆွဲထားရှိပါကြောင်း၊ လက်ရှိတွင်သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအဖြစ် ရိပ်သာအခြေပြုစောင့်ရှောက်ခြင်း၊ ရပ်ရွာအခြေပြုစောင့်ရှောက်ခြင်း၊ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်စောင့်ရှောက်ခြင်းနှင့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာရှင်ပြည်သူများက တည်ထောင်ဖွင့်လှစ်ထားရှိသည့် ဘိုးဘွားရိပ်သာများကို ဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်းနှင့်ထောက်ပံ့ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ဒီကနေ့အလုပ်ရုံဆွေး‌နွေးပွဲကို သက်ကြီးပုဂ္ဂိုလ်များ၏ စကားသံများကို နားထောင်ပြီး လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်းသက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်စေရန်နှင့် သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကို ပြသနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးအလုပ်ရုံဆွေးနွေးပွဲကို ဘိုးဘွား(၅၉)ဦး၊သက်ကြီးဘာသာရပ်ဆိုင်ရာပညာရှင် ပါမောက္ခဒေါက်တာမြင့်ဟန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းတို့မှ ဥက္ကဋ္ဌများနှင့်   သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း(၉၅)ဦးဖြင့် (၁)ရက်တာကျင်းပခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း(မန္တလေး) သို့သွားရောက်၍  အတန်းပညာသင်ကြားနေမှု၊ သက်မွေးပညာများသင်ကြားလေ့ကျင့်ပေးနေမှု၊ နားမကြားသူများအတွက်လက်င်္ကေတပြဘာသာစကားကူညီပံ့ပိုးသူများသင်တန်း ဖွင့်လှစ်ပို့ချနေမှု၊ အကြားအာရုံစမ်းသပ်စစ်ဆေးပေးနေမှုနှင့် စကားပြောလေ့ကျင့်သင်ကြားပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကျွမ်းကျင်ပညာရှင်များစဉ်ဆက်မပြတ် မွေးထုတ်လေ့ကျင့်သင်ကြားပေးရန်နှင့် ကလေးများအနေဖြင့် မိမိကိုယ်ကို ရပ်တည်နိုင်ပြီး ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း ယုံကြည်မှုရှိစွာဖြင့် ဝင်ဆံ့နိုင်စေရေး အသိပညာ၊ အတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးရန်တိုက်တွန်းမှာကြားခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR