ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒီဇင်ဘာလ (၁၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လားရှိုးမြို့သို့ ခေတ္တ တိမ်းရှောင်ရောက်ရှိ နေထိုင်လျှက်ရှိသည့် တိုက်ပွဲရှောင်စုရပ်များသို့ သွားရောက်၍ ဆန်ရိက္ခာဖိုးငွေ နှင့်လိုအပ်သော ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်း၊  ဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လားရှိုးမြို့၊ အမှတ်(၁၂) လားရှိုးကြီးရပ်ကွက်၊ ကမ်မိန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ဘေးသင့်ပြည်သူများသို့ ထောက်ပံ့ ငွေ (၁,၀၀၀,၀၀ဝိ)၊ ဆန်ရိက္ခာဖိုး (၂,၆၅၅,၀၀ဝိ)နှင့် နိုင်ငံတော်အကြီးအကဲမှ ပေးအပ်သော စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များထောက်ပံ့ပြီး အားပေးစကားများပြောကြားကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ်(၈)၊ အောင်သီ တာရပ်ကွက်၊ ရွှေပြည်အေးဓမ္မရိပ်သာတိုက်ပွဲရှောင်စုရပ်သို့ သွားရောက်ပြီး ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀ဝိ)၊ ဆန်ရိက္ခာဖိုး(၂,၄၄၈,၀၀ဝိ)နှင့် နိုင်ငံတော်အကြီးအကဲမှ ထောက်ပံ့သော အစားအစာ၊ အဝတ်အထည်များ ပေးအပ်ကြပြီးတိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်အမှတ်(၄)၊ အာရုံ တော်ရပ်ကွက်၊ ပန်အုပ်ကျောင်းရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ကြကာ ကယ်ဆယ်ရေးပစ္စည်း များနှင့် ထောက်ပံ့ငွေကျပ် (၁,၀၀၀,၀၀ဝိ)၊ ဆန်ရိက္ခာဖိုးငွေ (၇၂၉,၀၀ဝိ)၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာတို့ကို ထောက်ပံ့ရာ တိုက်ပွဲရှောင်ပြည်သူများက လက်ခံရယူခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ်(၁၂) လားရှိုးကြီးရပ်ကွက်၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ဆက်လက်သွားရောက်ကာ ဆန်ရိက္ခာဖိုးငွေ (၆,၆၉၆,၀၀ဝိ)၊ ထောက်ပံ့ငွေကျပ်(၁,၀၀၀,၀၀ဝိ)နှင့် အဝတ်အထည်၊ စားသောက်စရာများကို ထောက်ပံ့ပြီး တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် လားရှိုးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက်ကယ်ဆယ်ရေးပစ္စည်း များနှင့် ဆန်ရိက္ခာဖိုးငွေများကို ထောက်ပံ့ပေးခဲ့ရာ ယနေ့ထောက်ပံ့ပေးခဲ့သော အိမ်ထောင်စု (၃၈၇)စု၊ လူဦးရေ (၁၃၉၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေစုစုပေါင်းမှာ ကျပ် (၁၂၅.၂၈)သိန်းဖြစ်ပြီး လားရှိုးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှု စုစုပေါင်းမှာ ကျပ်(၇၇၁.၇၅)သိန်း ရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR