ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည်  ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျှက်ရှိသည့်  ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်ရှိ တာဘောင်ရေကျော်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုကြောင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများအား ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဓမ္မလင်္ကာရကျောင်းတိုက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း၊ မွန်ဓမ္မာရုံကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံရာတွင် သဘာဝဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထက်အကြီးအကဲများ ၏ လမ်းညွှန်မှုအရ အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ စားသောက်နေထိုင်ရေးအဆင်ပြေစေရန်အတွက် ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊အရေးပေါ်လိုအပ်လာနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စများအား ဖြည့်ဆည်းဆောင်ရွက်ပေးထားပါကြောင်း၊ နောက်ဆက်တွဲကူးစက်ရောဂါများမဖြစ်ပွားစေရေး၊ မြွေနှင့် ကင်းကဲ့သို့သော အဆိပ်ရှိသတ္တဝါများအန္တရာယ်မှသတိပြုနေထိုင်ရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးများကိုလည်း အလေးထားကြရန်နှင့်ရေဘေးရှောင်စခန်းအသီးသီး၌ ခေတ္တလာရောက်သည့် ပြည်သူများအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုအပ်ပါကြောင်းပြောကြားကာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၆ ခုမှ အိမ်ထောင်စု (၃၄၆၅)စု၊ ဘေးသင့်ပြည်သူ (၁၄၃၀၄)  ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၃၀,၀၃၈,၄၀ဝိ/-)နှင့် ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်များအားထောက်ပံ့ကာ ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ရေဘေးကွပ်ကဲရေးစခန်းဖွင့်လှစ်ထားရှိသည့် သာသနာ့ဗိမ္မာန်သို့ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ပဲခူးမြို့အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေမှု၊ တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ စီမံဆောင်ရွက်ပေးနေမှု၊ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးနေမှု၊ အဆိုပါစခန်းများတွင် စားရေရိက္ခာစီမံထားရှိမှု၊ ကျန်းမာရေးဆိုင်ရာစီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဗဟိုသိုလှောင်ရုံ(ရန်ကုန်)မှ ဖိုက်ဘာစက်လှေများ ထပ်မံဖြည့်ဆည်းပေးမည့်အခြေအနေနှင့် အရေးပေါ်အသုံးပြုရန် ရေသန့်စင်ဆေးပြားများ ထပ်မံထောက်ပံ့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ အုန်းပင်လမ်း လမ်းမကြီးနှင့် မဂ္ဂတစ်လမ်းဆုံရေဝင်ရောက်မှုအခြေအနေနှင့် ပဲခူးမြို့၊ မြို့ရှောင်လမ်းနှင့် ကတွင်းချန်ရွာရေထွက်ပေါက်မှ ရေလွှဲထုတ်နိုင်မည့်အခြေအနေများအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR