ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးအား ယနေ့ နံနက်၁၀:၀၀နာရီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌အမျိုးသားကော်မတီဥက္ကဋ္ဌ၊  နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကို ၎င်းအနေဖြင့် ဥက္ကဋ္ဌအဖြစ် ပထမဦးဆုံး ဦးဆောင်ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ဒီအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များကိုလေ့လာရာတွင် ဆောင်ရွက်ရမယ့် လုပ်ငန်းရပ်များကို ကဏ္ဍအလိုက်တွေ့ရှိရပြီးမြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၁၄)ကို အခြေခံကာ ဆောင်ရွက်နေတဲ့ လုပ်ငန်းရပ်များရှိသလို ဆောင်ရွက်ရန်ကျန်နေသေးသည့်လုပ်ငန်းရပ်များကိုလည်းတွေ့ရှိရကြောင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး စိန်ခေါ်မှု အမျိုးမျိုးနဲ့ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ဒီဘေးအန္တရာယ်နဲ့ စိန်ခေါ်မှုတွေကြောင့် ထိခိုက်ခံစားဆုံးရှုံးရမှုလည်း များပြားလှပါကြောင်း၊ ဒီအတွက် နိုင်ငံ၏ အဖိုးတန်သည့်အရင်းအမြစ်များသည် နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုအတွက် အသုံးပြုရမယ့်နေရာတွင် ထိခိုက်မှုတွေအပေါ်ရင်းစားပြန်ရအောင် ပြန်လည်ပြုပြင်တည်ဆောက် ကုစားနေရသည့်အတွက် သမင်မွေးရင်း ကျားစားရင်းဖြစ်နေကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်များ လျော့ကျအားနည်းသွားရသည်ကိုတွေ့ရှိရမည် ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရေးအတွက် အထူးသဖြင့် ထိခိုက်လွယ်အုပ်စုများကိုလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြင့် အလေးထားပြီးကာကွယ်စောင့်ရှောက်ပေးသွားရမှာလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက မေလ ၃၀ ရက်နေ့က ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ၌အဖွင့်အမှာစကား ပြောကြားရာတွင် ဆောင်ရွက်သင့်တဲ့ မဟာဗျူဟာမြောက်မဏ္ဍိုင်ကြီးသုံးရပ်အနက်ပထမမဏ္ဍိုင်အဖြစ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုများနဲ့လူမှုကာကွယ်ရေး (Humanitarian relief and social protection)ကို ထည့်သွင်းပြောကြားခဲ့သည်ကိုတွေ့ရပါကြောင်း၊ နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အတိုင်းသဘာဝဘေးအလွန်ကာလလူသားချင်း စာနာထောက်ထားမှု အကူအညီများကိုသက်သာသွားရုံမျှဖြင့် ရပ်တန့်ပစ်၍မရဘဲ ယင်းအကူအညီများကို လူမှုကာကွယ်ရေးစနစ်တစ်ခုထဲသို့ ကူးပြောင်းပေးသွားရမှာ ဖြစ်ပါကြောင်း၊ ဒီလိုလူမှုကာကွယ်စောင့်ရှောက်ရေးစနစ် ထူထောင်ရာတွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်၌ ဖော်ပြထားသည့်အတိုင်း နည်းလမ်း လေးသွယ်၊ အရွယ်သုံးပါး၊ စုပေါင်းအားနဲ့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊နည်းလမ်းလေးသွယ်မှာ (၁)ကာကွယ်စောင့်ရှောက်မှုပေးသောလူမှုကာကွယ်စောင့်ရှောက်ရေး (Protective Social Protection)၊ (၂) ကြိုတင်ကာကွယ်သောလူမှုကာကွယ်စောင့်ရှောက်ရေး (Preventive Social Protection)၊ (၃) မြှင့်တင်ပေးသော လူမှုကာကွယ်စောင့်ရှောက်ရေး (Promotive Social Protection) နှင့် (၄)အသွင်ပြောင်းလူမှုကာကွယ်စောင့်ရှောက်ရေး (Transformative Social Protection)တို့ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး အပိုင်းကဏ္ဍများတွင်ရှိရင်းစွဲ အခြေအနေများ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေစသည်တို့ကို ပိုမိုတိုးတက်ကောင်းမွန် ထိရောက်လာစေရန်အတွက် မဟာဗျူဟာကျကျ လိုအပ်သလို ပြုပြင်ပြောင်းလဲ စီမံဆောင်ရွက်ရသည့် လုပ်ငန်းတွေဖြစ်ပါကြောင်း၊  ယင်းသို့နည်းလမ်းလေးသွယ်ဖြင့်လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုနှင့်ထိခိုက်ခံစားရသူများကို သက်သာမှုရရှိအောင် ဆောင်ရွက်သည့် အဆင့်မှနေ၍စဉ်ဆက်မပြတ်ကာကွယ်မြှင့်တင်နိုင်ပြီး စွမ်းရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များကိုထူထောင်သွားနိုင်မည်ဖြစ်ပါကြောင်း၊ထိုကဲ့သို့ဆောင်ရွက်ရာတွင် အရွယ်သုံးပါးဖြစ်သော ကလေးသူငယ်အရွယ်၊ လူငယ်လူလတ်ပိုင်းအရွယ်နဲ့ သက်ကြီးရွယ်အိုအရွယ် အုပ်စုများ၏ လူမှုကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းကြရမှာ ဖြစ်ပါကြောင်း၊ ဖြည့်ဆည်းသည့်နေရာတွင်လည်း အရင်းအမြစ် ကန့်သတ်ချက် ရှိသည့်အတွက်ကုန်ကျစရိတ်နဲ့နှိုင်းစာလျှင် အထိရောက်ဆုံး သက်ရောက်မှုရှိနိုင်သည့်ROR (Rate of Return) အကောင်းဆုံးဖြစ်နိုင်မည့် လုပ်ငန်းအစီအစဉ်တွေကိုဦးစားပေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ နည်းလမ်းလေးသွယ်၊ အရွယ်သုံးပါးနှင့် ဆောင်ရွက်ကြရာမှာ နိုင်ငံတော်အစိုးရတစ်ခုတည်းက အစစရာရာ တာဝန်ယူ ဆောင်ရွက်ရန် မလွယ်ကူသည့်အတွက် ပြည်တွင်း/ ပြည်ပ ပရဟိတအဖွဲ့များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပြည်သူလူထုများ ပူးပေါင်းပြီး စုပေါင်းအင်အားဖြင့် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပုဂ္ဂလိကလုပ်ငန်းရှင်/ စေတနာရှင်များ ပူးပေါင်းပါဝင်ကြတဲ့ အစိုးရက ကမကထ ပြုပေးသည့် ဖောင်ဒေးရှင်းကြီးများ ဖွဲ့စည်းဆောင်ရွက်နိုင်မည့် အလားအလာကိုလည်း စူးစမ်းရှာဖွေ ဖော်ထုတ်သွားနိုင်ဖို့ လိုမည်ဟု ယူဆပါကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကာလတိုအတွင်း စီမံချက် ရေးဆွဲစတင်နိုင်မည့် လုပ်ငန်းများကို ဤကာလအတွင်း၌ ထုတ်ဖော်ပြီး စီမံချက်ရေးဆွဲ ပြုစုထားရန်လည်းအကြံပြုလိုပါကြောင်း၊ ရေရှည်လုပ်ကိုင်ရမည့် အလုပ်များ၊ မူဝါဒနဲ့ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေတွေဆိုင်ရာ ပြုပြင်ပြောင်းလဲရမည့်အပိုင်းများ အသစ်စတင်ရမည့် လုပ်ငန်းမျိုးကိုမူ သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ပြီး အကြံပြုချက်များ ရယူတင်ပြသွားဖို့ စဉ်းစားထားပါကြောင်း၊ အမျိုးသားကော်မတီ အနေဖြင့် အမျိုးသားအဆင့် လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် ၂၀၁၄ ကို ပြန်လည်ဆန်းစစ်ပြီး ခေတ်အခြေအနေနှင့်ကိုက်ညီအောင် ပြန်လည်မွမ်းမံ ပြုစုသွားရန်နဲ့ ကော်မတီဝင် ဝန်ကြီးဌာနများ၏လုပ်ဆောင်မှုများကို စုစည်းပြီး၊ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဖော်ဆောင်မှု အစီရင်ခံစာတစ်စောင် ပြုစုတင်ပြသွားဖို့ရည်မှန်းထားပါကြောင်း၊ ဝန်ကြီးဌာနအလိုက် အကြောင်းအရာအလိုက်ဆောင်ရွက်နေဆဲ၊ ထပ်မံဆောင်ရွက်မည့် လုပ်ငန်းများအား ဝန်ကြီးဌာနချင်းဖြစ်စေ၊ အရပ်ဘက်အဖွဲ့အစည်းများပုဂ္ဂိုလ်များနဲ့ဖြစ်စေ ပေါင်းစပ်ညှိနှိုင်းရန်လိုအပ်လာမည်ဆိုရင်လည်း လိုအပ်ပါက အမျိုးသားကော်မတီက ကူညီပါဝင် ပေါင်းစပ်ညှိနှိုင်းပေးသွားမှာ ဖြစ်ပါကြောင်း၊ ရေရှည်လုပ်ငန်းစဉ် အနေဖြင့် နောင်တစ်ချိန်တွင် ဥပဒေပြုအဖွဲ့အစည်း ပေါ်ပေါက်လာသည့်အခါ၊ မြန်မာနိုင်ငံတွင် လိုအပ်နေသည့်လူမှုကာကွယ် စောင့်ရှောက်ရေး ဥပဒေတစ်ခု လွှမ်းခြုံပေါ်ပေါက်လာရေးအတွက် လက်ရှိပြဋ္ဌာန်းထားပြီးဖြစ်တဲ့ လူမှုကာကွယ်ရေးဆိုင်ရာကဏ္ဍအလိုက် ဥပဒေများကို လေ့လာစုဆောင်းပြီး၊ မိခင်ဥပဒေ တစ်ခုအဖြစ် ပြည့်ပြည့်စုံစုံ ပြုစုပြဋ္ဌာန်းသွားနိုင်ရေး လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုသိရှိနိုင်ရန်စောင့်ကြည့်ကြီးကြပ်ခြင်း (Monitoring)နှင့် အကဲဖြတ်သုံးသပ်ခြင်း (Evaluation)များကိုလည်းစဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း အလေးထား ပြောကြားလိုပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို လက်တွေ့ကျကျကျော်လွှားနိုင်ရန်နှင့်ကြုံတွေ့လာနိုင်စရာရှိသည့် စိန်ခေါ်မှုတွေကို ကြိုတင်စဉ်းစားအဖြေရှာထားရန်အတွက်ဒီကနေ့ အမျိုးသားကော်မတီအစည်းအဝေးမှာ အားလုံးဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပြီး အစီအစဉ်များချမှတ်ရေးဆွဲစေလိုပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံခြင်းသည် အခြားကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံသကဲ့သို့ တိုးတက်မှုရလဒ်ကို ချက်ချင်းမမြင်တွေ့နိုင်သော်လည်းရေရှည်မှာဆင်းရဲချမ်းသာကွာဟမှုကျဉ်းမြောင်းလာခြင်း၊အာဟာရနဲ့ကျန်းမာရေးဆိုင်ရာအညွှန်းကိန်းများမြင့်မားလာခြင်း၊ ကလေးသူငယ်များရဲ့ပညာရည်မြင့်မားလာခြင်းစတဲ့ ရလဒ်ကောင်းများ မလွဲမသွေ ရရှိလာမှာဖြစ်ပါကြောင်း၊ ယင်းအတွက် တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့်သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ(၁) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အနေနဲ့ လူသားအားလုံးအကျုံးဝင်သော သာတူညီမျှရှိပြီး ရေရှည်တည်တံ့မှုရှိတဲ့  လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ဖြင့်ပြည်သူများရဲ့လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ရန်နဲ့ ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိသည့်နိုင်ငံဖြစ်လာစေရန်မျှော်မှန်းပြီးလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များအားဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူအားလုံးလူမှုဘဝလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဓိကလုပ်ငန်းစဉ်(၈)ရပ်ပါဝင်ပြီးလက်ရှိမှာအစီအစဉ် (၃)ရပ်ဖြစ်တဲ့ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေးသူငယ်များကို ထောက်ပံ့ငွေ ပေးအပ်ခြင်း၊လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းနဲ့ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများပေးခြင်းတို့ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊၁၂ ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးများကို ၂၆-၈-၂၀၂၅ ရက်မှ ၂၉-၈-၂၀၂၅ ရက်အထိ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပခဲ့ရာအာဆီယံဒေသအတွင်းလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုအမြင်ချင်းဖလှယ်ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား နေ့လယ်၁၃ : ၃၀နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR