ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

             မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Zoom Meeting ဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါ သည်။   

           အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်၍ဆောင်ရွက်နေပါကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာတတိယ(၅)နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်ကို ဗဟိုအဖွဲ့မှ ဦးဆောင်ရေးဆွဲခဲ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံခြင်း၊ ၎င်းတို့အား နေရာထိုင်ခင်း ဆောင်ရွက်ပေးခြင်း၊ Psycho social Support ပြုလုပ်ပေးခြင်း၊ လတ်တလောလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခြင်း၊ မိဘရပ်ထံပြန်လည် ပို့ဆောင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေပါကြောင်း၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည့်အပြင် အကူအညီလိုအပ်သူများအား ဦးတည်အုပ်စုအလိုက် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့် ဝန်ကြီးဌာနလည်းဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့၏ဦးဆောင်မှု၊ လမ်းညွှန်ချက်များနှင့်အညီ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊ ဝန်ကြီးဌာနအောက်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ထိခိုက်လွယ် အုပ်စုများအပါအဝင် မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးများကို ဆောင်ရွက်နေပါ ကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅)နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များအား ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပြီး ဆောင်ရွက်မည့်နည်းလမ်းများ၊ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အချိန်ကာလပြောင်းလဲလာသည့်အမျှ လူကုန်ကူးခံရခြင်းအခြေအနေများသည် ပြောင်းလဲနေပါကြောင်း၊ လူကုန်ကူးခံရခြင်းသည် စိုက်ပျိုး ရေး၊ မွေးမြူရေးစသည့် စီးပွားရေးအပါ် မူတည်ပါကြောင်း၊  အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီး၍ လူကုန်ကူးခံရမှု ဖြစ်ပေါ်နိုင်ပါကြောင်း၊ လူကုန်ကူးခံရသူများ ပြန်လည်ရောက်ရှိ သူများမှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ပြန်လာသူများရှိရာ လူကုန်ကူးခံရသူများ၊ ရွှေ့ပြောင်း သွားလာသူများစသည်တို့ ခွဲခြားစိစစ် လိုအပ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများရှိပါကြောင်း၊ COVID-19 ကာလအတွင်း စီးပွားရေးကျဆင်းမှုနှင့် လူကုန်ကူးခံရသူမှ လူကုန်ကူးသူအဖြစ်သို့ ပြန်လည်ရောက်ရှိနိုင်ပါကြောင်း၊ သတင်းအချက် အလက်များရရှိနိုင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

         ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူက မြန်မာ နိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနောက်ခံသမိုင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိပုံ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများရေးဆွဲခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ်  စီမံကိန်း(၂၀၁၇-၂၀၂၁) ၊ လူကုန်ကူးမှုတိုက်ဖျက် ရေး ဆိုင်ရာ တတိယ (၅)နှစ်  စီမံကိန်း(၂၀၁၇-၂၀၂၁) ၊ ၏ ၂၀၂၀ ပြည့်နှစ် လုပ်ငန်းစီမံချက် အကောင် အထည်ဆောင်ရွက်မှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ်  စီမံကိန်း (၂၀၁၇-၂၀၂၁)၏ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်ပါ လျာထားလုပ်ငန်းရပ်များကို power point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၃)နှင့်သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာအစည်းအဝေးများတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှု၊ ဂရုဏာ ကမ္ဘာဘိုးဘွားရိပ်သာနှင့် အောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများသို့ ကြည့်ရှုစစ်ဆေးခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့်မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်း၊ မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံတကာ၏ အလှူငွေများလှူဒါန်းခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် “အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း”သင်တန်းဆင်းပွဲအခမ်းအနားများသို့တက်ရောက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပခြင်းနှင့် သိုလှောင်ရုံထိန်းသိမ်းရေးသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ရုံးများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃)သို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏တတိယရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးMr. RaoufMazouနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR