ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့နှင့်အတူ တာဝန်ရှိ သူများလိုက်ပါလျက် (၂၁-၁၁-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် ပြုလုပ်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင်  လက်ရှိတွင် ဝန်ကြီးဌာန၏ ပင်မလုပ်ငန်း တာဝန်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းလမ်းညွှန်(SOP)များ ပြန်လည်ရေးဆွဲနေပါကြောင်း၊ ကပ်ရောဂါဖြစ်ပွား နေသည့်ကာလအတွင်း New Normal ပုံစံဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ခရီးသွားလာမှုများ နည်းပါးသော်လည်း Online Meeting ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် မကြာခဏတွေ့ဆုံနိုင်ပြီး ခရိုင်အဆင့် တာဝန်ရှိသူများ လည်း ပါဝင်တက်ရောက်ပါက ပိုမိုကောင်းမွန်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်အနေဖြင့် ပြည်သူလူထုအားလုံး လူ့ဂုဏ် သိက္ခာနှင့်အညီ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဘေးဒဏ်ကိုကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်းဖြစ်အောင် တည်ဆောက်ရေးဖြစ်သည့် အတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအပါအဝင် ပြည်သူလူထုအားလုံး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အယူအဆနှင့် ကြိုတင်မျှော်တွေးပြင်ဆင်မှုများ ဆောင်ရွက်လာနိုင်စေရန်အတွက် အသိပညာပေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူ ငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မူလတန်းကြိုပညာရေး လွှမ်းခြုံမှု ပိုမိုတိုးတက်လာစေရေးအတွက်ကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေး ပံ့ပိုးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ပြုစုစောင့်ရှောက်ထားသော ကလေးများ၏ ရေရှည်အနာဂတ် ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး အတွက် လက်တွေ့အသုံးချနိုင်မည့် အသိပညာအတတ်ပညာများရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်မြို့နယ်ရုံး များဖွင့်လှစ်နိုင်မှု နည်းပါးနေသေးသည့်အတွက် နေရာအလိုက် ရုံးဖွင့်လှစ်ပြီး သည့် ဦးစီးဌာန ရုံးမှအခြားဦးစီးဌာန၏လုပ်ငန်းတာဝန်ကိုလည်း ခွဲဝေတာဝန်ယူ လုပ်ဆောင်ပေးစေလိုပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ကြီးဌာနတွင် စုပေါင်း ဆွေးနွေးတိုင်ပင် ဆုံးဖြတ်သည့် ပုံစံဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင်လည်း အလားတူပင် စုပေါင်းဦးဆောင်သည့်ပုံစံဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ထမ်း အင်အားနည်းပါးသော်လည်း တစ်ဦးတစ်ယောက်ချင်းစီ၏ စုပေါင်းအင်အားဖြင့် တက်ကြွစွာ ပါဝင်လုပ်ဆောင်မှုအားလုံးကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဝန်ထမ်းများအနေဖြင့် ထားရှိခံယူအပ်သော သဘောထားနှင့် မိမိတို့ဆောင်ရွက် လျက်ရှိသော ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်အောင်မြင်အောင် စုပေါင်းလုပ်ဆောင်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရုံးဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ခရိုင်အတွင်းအများဆုံးဖြစ်ပွားသော ရေကြီး ရေလျှံဘေး၊ လေပြင်းဘေး၊ မိုင်းဖြစ်စဉ်များအပေါ်ကယ်ဆယ်ထောက်ပံ့ ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေကို တိုင်းဒေသကြီးဦးစီးမှူးက လည်းကောင်း၊ ခရိုင်အတွင်း လူမှုဝန်ထမ်းလုပ်ငန်းကြီး (၇)ရပ်အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးက လည်းကောင်းရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကိုမေးမြန်းကာလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့နှင့်အတူ တာဝန်ရှိ သူများလိုက်ပါလျက် တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်ရှိ ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းတိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ထံသို့ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကာ ဆရာတော်ထံမှ တရားတော်များနာယူခဲ့ကြပါ သည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာတာဝန်ခံ ကျောင်းအုပ်က တောင်ငူမြို့နယ်ကို Stay at Home အမိန့်ပယ်ဖျက်ပြီးသည့် အချိန်မှစ၍ သင်တန်းကျောင်းအနေဖြင့် ကျောင်းအခြေပြုသင်တန်းနှင့် ရပ်ရွာ အခြေပြု သင်တန်းများအား သင်တန်းကာလ(၁)လခွဲဖြင့် မိန်းမဝတ် (လက်မ)၊ မိန်းမဝတ် (စင်တီ)၊ စင်တီအထူး၊ ကျားရှပ်တိုက်ပုံ၊ ကုတ်အင်္ကျီ၊ စတိုင်ဘောင်းဘီ၊ ဇာထိုးပန်းထိုးစသည့် စက်ချုပ်သင်တန်းများ၊ မြန်မာအစားအစာ၊ မုန့်မျိုးစုံ၊ သစ်သီးယိုစုံစသည့် မုန့်လုပ်ငန်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းများ ဖွင့်လှစ်ပေးနေမှုနှင့် တက်ရောက်သင်ယူနေမှုအခြေအနေများကို လိုက်လံ ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တက်ရောက်သင်ယူလျက်ရှိသည့် သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ပြီး အလုပ်အကိုင်နှင့် ဝင်ငွေအခွင့် အလမ်းများ ရရှိနိုင်ရေးအတွက် ပိုမိုခေတ်မီသော နည်းစနစ်များကို ဆင့်ပွား လေ့လာဆည်းပူးသွားကြရန်နှင့် ဈေးကွက်ဝင်သော ထုတ်ကုန်ပစ္စည်းများ အား ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်း ရုံးသို့ရောက်ရှိကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR