ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၃၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား()စီး၊ Mobile Solar စနစ် (၂၀)စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၂၅၈၂၉) ဖြင့်ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁၀၁၆၇၉၂)ဂါလံဆောင်ရွက်လျက်ရှိခြင်း၊

 

ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၉.၅၁ % ရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၆၅ % နှင့် ပညာရေးအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၂ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများပြင်ဆင်မှုအနေဖြင့် ၆၄ % ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊

ရခိုင်ပြည်နယ်တွင် ရေငန်ဝင်ရောက်ခဲ့သည့်မြေသားရေကန် ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ပြီး (၂၃၀)ကန်နှင့်ဆောင်ရွက်ဆဲ (၃)ကန် ပြုပြင်ပြီးစီးခြင်း၊

 

လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်မှုအနေဖြင့် စစ်တွေမြို့ပေါ်ရပ်ကွက်များ၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ကျောက်တော်မြို့ပေါ်ရပ်ကွက်များ တို့တွင် (၇-၆-၂၀၂၃)ရက်နေ့မှစ၍ ဓာတ်အားစတင်ဖြန့်ဖြူးအား (၁၀၀%) ပြန်လည်အသုံးပြုနိုင်ခြင်း၊

 

ရေငန်တားတာပြင်ဆင်ပြီးစီးမှုအနေဖြင့် မြောက်ဦးမြို့၊ ကုလားပုန်းကျွန်းတာ၊ မြေပုံမြို့၊ ငမန်းရဲကျွန်းတာ အပိုင်း()နှင့် အပိုင်း()၊ မောင်တောမြို့၊ ခြံပြင်တာနှင့် ပုဏ္ဏာကျွန်းမြို့၊ တန်းခိုးရေငန်တားတာ တို့တွင် (၁၀၀)% ပြင်ဆင်ပြီးစီးခြင်း၊

 

ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ ()ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့အားကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၂၃၉၈၀)ဦး၊ ဆေးရုံတက်လူနာ (၁၆၆၄၂)ဦး နှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁၂၀၀)ကျော် ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၁၁၆၉၁)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၁၁၉၃၀၅)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၃၅၉၇) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၅၇၉၇)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၁၂၇၈၀)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၄၁၂၂)ဦး ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၂၅)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၁၄၈၈)လုံး၊ သွပ် (၄၇၆၈၆၁)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၆.၇၅၀)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၇၁၅)ဖာ၊ ဆန် (၇၀၆၂၉)အိတ်/(၅၉၆.၄၆၆)တန်၊ ခေါင်အုပ် (၆၀၁၀)ပေ၊ ချင်းပြည်နယ်တွင် ဆန် (၉၆၀)အိတ်နှင့် သစ်ခွဲသား (၂၃၂၅.၅၁၉)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၅၁.၅၀၇)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၃၃၉)တန် ပြင်ဆင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၈ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -

နေအိမ်ပျက်စီး  -  ၂၇၁၃၃၅ လုံး

 

စာသင်ကျောင်း  -  ၁၆၂၇ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၅၄၀ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၅၀၉ ခု

 

တာဝါတိုင်    ၂၈ တိုင်

 

ဓာတ်တိုင်   ၇၂၄၇ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၁၇၇၉၂၃ ကောင်

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် ရုရှား-မြန်မာစီးပွားရေးကောင်စီ(Russian-Myanmar Business Council-RMBC) မှ အမေရိကန်ဒေါ်လာ(၅,၀၀၀)လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင်ကျင်းပသည့် ၁၂ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဥ်များသို့ဆက်လက်ပါဝင်တက်ရောက်

MOS

DSW

DDM

DOR