ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် တာဝန်ရှိသူများလိုက်ပါလျက် ၄-၃-၂၀၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူး‌ကျေးရွာ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ (၆၃)ကြိမ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားပိတ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ ပိတ်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဆိုင်းဝိုင်းအဖွဲ့နှင့် ခေတ်ပေါ်တေးဂီတဝိုင်းတို့မှ တောင်သူလယ် သမားများအတွက် သီကုံးထားသော တေးသီချင်းများဖြင့် နိုင်ငံကျော်အဆိုတော်များက ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ တိုင်းတရားသူကြီးချုပ်နှင့်တက်ရောက်လာသော တိုင်းဒေသကြီးဝန်ကြီးများက ၂၀၂၅ခုနှစ် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ်သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆုရရှိသော ခရိုင်၊ မြို့နယ်များနှင့် တောင်သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။

၎င်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်  ခင်းကျင်းပြသထားသော ပြခန်းများနှင့် သီးနှံစိုက်ခင်းများ၊ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပါသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ရိပ်သာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း MCCT  အစီအစဉ်အတွက် ၉.၈ ဘီလီယံကျပ်ကိုလည်းကောင်း၊လူမှုရေးပင်စင်အစီအစဉ်အတွက် ၂.၃ဘီလီယံကျပ်ကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးနှင့်  လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော ကန်ကြီးထောင့် မူလတန်းကြိုကျောင်းကျောင်းဆောင်ဆောက်လုပ်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါ သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ  မြို့နယ်လူမှုဝန်ထမ်းရုံးသို့ ရောက်ရှိခဲ့ရာ မြို့နယ်ဦးစီးမှူးမှ  လှိုင်သာယာမြို့နယ်အတွင်းတွင် လူမှုဝန်ထမ်းလုပ်ငန်းရပ်များ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။  ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများကို သိသင့်သိထိုက်သည်များ ရှင်းလင်းပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် လှိုင်သာယာမူလတန်းကြိုကျောင်းအမှတ်(၁)သို့ သွားရောက်ကြည့်ရှုပြီး ကလေးများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR