ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းများပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်းများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ဟင်္သာတမြို့ရှိသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်ကြားပို့ချလျက်ရှိသောသင်ရိုးညွှန်းတမ်းများကိုနိုင်ငံတော်၏အုပ်ချုပ်ရေးနည်းစနစ်များ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီဖြစ်စေရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် ခေတ်နှင့်အညီပြောင်းလဲနေသောနည်းပညာများ၊ ဖွဲ့စည်းပုံများ၊ မူဘောင်များနှင့် လျော်ညီစေရေးပြန်လည်သုံးသပ်ခြင်းနှင့်ပြင်ဆင်ဖြည့်စွက်ခြင်းများလိုအပ်သည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကိုဟင်္သာတမြို့တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းတည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၅ ခုနှစ်မှစ၍သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းများကိုဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ယနေ့အထိသင်တန်း ၁၀၇ ကြိမ်ဖွင့်လှစ်ခဲ့ပြီးဦးစီးဌာနမှ ဝန်ထမ်း ၁,၇၇၅ ဦး၊ အခြားဝန်ကြီးဌာနများမှ ဝန်ထမ်း ၂၀၃၆ ဦးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူ ၇၆၀ ဦး၊ စုစုပေါင်း ၄,၅၇၁ ဦးကိုသင်ကြားပို့ချနိုင်ခဲ့ကြောင်း၊အဆိုပါ သင်ရိုးညွှန်းတမ်းများကိုလက်တွေ့ကျကျပိုမိုအသုံးချနိုင်ရန် ပြင်ဆင်ဖြည့်စွက်သုံးသပ်ရန်လိုအပ်ကြောင်းတို့ဖြင့် ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR