ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် တာဝန်ရှိသူများနှင့်အတူရန်ကုန်မြို့ ထောက်ကြန့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ  သို့ ရောက်ရှိခဲ့ရာရှေးဦးစွာ ကျောင်းအုပ်မှ မသန်စွမ်းသူကျား ၅၁ ဦး မ ၃၃ ဦးအားလက်ခံစောင့်ရှောက်ထားမှုအခြေအနေများအားရှင်းလင်းတင်ပြပါသည်။ဆက်လက်၍ မသန်စွမ်းကျောင်းသား/သူအိပ်ဆောင်များ၊လက်မှုသင်ကြားခန်း၊ ဆေးပေးခန်း၊ ထမင်းစားခန်းနှင့်မီးဖိုဆောင်တို့ကို လိုက်လံရှင်းလင်းပြသရာဒုတိယဝန်ကြီးကမသန်စွမ်းသူများအားရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍  မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို ၂၄ နာရီအချိန်ပြည့် စေတနာထားဆောင်ရွက်နေကြတဲ့ ဝန်ထမ်းများဖြစ်တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊မသန်စွမ်းသူများအတွက် ကျန်မာရေးနှင့် လေ့ကျင့်မှုမှာအလွန်အရေးကြီးပါကြောင်း၊  Physiotherapist (၁)ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု (၁)ဦးတို့အနေဖြင့် ဂရုပြုဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ကူးစက်တတ်သောရောဂါများမဖြစ်ပွားစေရေးအတွက်လည်းသန့်ရှင်းသပ်ရပ်အောင်အစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအရေးကိုတစ်ကမ္ဘာလုံးကဂရုပြုဆောင်ရွက်ပေးလျက်ရှိသလိုမြန်မာနိုင်ငံအနေဖြင့်လည်းအလေးထားဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ကုလသမဂ္ဂမသန်စွမ်းသူများဆိုင်ရာကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် ၂၀၁၇ ခုနှစ်တွင် နည်းဥပဒေပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ ဒါအပြင် ဒုတိယသမ္မတဦးဆောင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီဖွဲ့စည်းပြီးမဟာဗျူဟာ ၅ နှစ်စီမံချက်(၂၀၂၂-၂၀၂၇)ကိုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအားခွဲခြားဆက်ဆံမှုမရှိရလေအောင် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးလျက်ရှိပြီးမသန်စွမ်းအခွင့်အရေးများကိုအလေးပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအရေးကိုမသန်စွမ်းသူများကိုယ်တိုင် ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်လည်းမြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကို၂၀၁၅ ခုနှစ်မှာနိုင်ငံအဆင့်ဖွဲ့စည်းပြီးတိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများအဖွဲ့များကိုလည်းဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စစ်တမ်းများအရမသန်စွမ်းသူ ၈၅%မှာအလုပ်လက်မဲ့များဖြစ်သည်ကိုတွေ့ရသဖြင့် မသန်စွမ်းသူများအတွက် အဆင်ပြေသင့်လျော်သည့် ပတ်ဝန်းကျင်ဖန်တီးပေးပြီးအလုပ်အကိုင်၊ ပညာရေးနှင့် အခြားသောဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် တိုးတက်လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအားလုံး၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းမြှင့်တင်ပေးပြီးခွဲခြားဆက်ဆံမှုများလျော့နည်းပပျောက်စေရေးအလေးထားဆောင်ရွက်ကြရန်လိုပါကြောင်းပြောကြားခဲ့ပြောကြားခဲ့ပြီး ကလေးများအတွက် စားစရိတ်အလှူငွေနဲ့ ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR