ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အခန်း() ကလေးသူငယ်ကို မွေးစား ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် မူလတန်းကြိုကျောင်းများ၊ နေ့ကလေးထိန်း ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းကို (၂၃..၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူး များ တက်ရောက်ခဲ့ပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်များကို မွေးစားခွင့်ပေးရာတွင် ကလေးသူငယ်အခွင့်အရေး( )ရပ်ဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များရရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များကို မွေးစားခွင့်ပေးရာတွင် မြန်မာနိုင်ငံရှိ ပကတိအခြေ အနေများ၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းစဉ်လာများနှင့် နိုင်ငံတကာ စံချိန်စံညွန်းများ နှင့် ကိုက်ညီစေရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ ဖြစ်နေသည့် ကလေးသူငယ်များနှင့် မိဘနှင့်ကွဲကွာနေထိုင်နေရသည့် ကလေးသူငယ်များအား မိသားစုဘဝရရှိရေးအတွက် မွေးစားခွင့်ပေးရခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဉပဒေ(၂၀၁၉) အခန်း(၈)ပါ ကလေးကို မွေးစားခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေထဲတွင်  အသေးစိတ်ထည့်သွင်းရန်၊ စကားလုံး၊ အသုံးအနှုန်းများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သေချာစိစစ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ကို အဓိကဦးတည်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေပြဌာန်းချက် များအား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်ဆီလျော်မှုရှိစေရန် အလေးထားစေလိုပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲ နေစဉ်ကာလအတွင်း ကလေးသူငယ်မွေးစားခြင်းကိစ္စများကို ဆောင်ရွက်နေရပါ၍  ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးသူငယ်မွေးစားခြင်း ဆိုင်ရာ အမိန့်ကြော်ငြာ စာ()မျိုးကို ထုတ်ပြန်ဆောင်ရွက်နေရပါကြောင်း၊ ခေတ်ကာလနှင့် လျော်ညီမှုရှိသည့် လုပ်ထုံးလုပ်နည်းများဖြစ်ရန် လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို လိုအပ်ပါက ပြန်လည်သုံးသပ်ရန်နှင့် ရေးဆွဲလျက်ရှိသော နည်းဥပဒေတွင် ပါဝင်သင့်သည့် အချက်အလက်များကို ထည့်သွင်းဖော်ပြရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ ပုဒ်မ ၂၅ မှ ပုဒ်မ ၃၂ အထိ ပြဋ္ဌာန်းထားချက်များအရ ကလေးမွေးစားခွင့်နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန် ထားသည့် လုပ်ထုံးလုပ်နည်း (၂/၂၀၂၀)ပါ အပိုဒ်(၄၇)တို့အား တာဝန်ရှိသူမှ ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ကလေးသူငယ်မွေးစားခြင်းနှင့်ပတ်သက်၍ အကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္တ(၃)လပတ်တွင် ဖွင့်လှစ်ရန်လျာထားသည့် ဌာနတွင်းမူလ တန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများ၊ အထူး ပညာသင်ကျောင်း များအတွက် လက်ရှိမြေပြင် အခြေအနေအရ ဖွင့်လှစ်ဆောင်ရွက်နိုင်မှု အခြေအနေများကို  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများမှ အသီးသီးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR