ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်အတွင်း၁၇-၄-၂၀၂၆ ရက်နေ့၊ ညနေပိုင်းက ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရပ်ကွက်/ကျေးရွာများသို့သွားရောက်ပြီး ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇီးကုန်းမြို့နယ်၊ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)စုမှ ပြိုကျနေအိမ်(၁၀)အိမ်၊အမိုးလန်နေအိမ်(၃၇၅)အိမ်၊တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းတော်ကြီးကျောင်း(၅)ကျောင်းတို့အတွက်ထောက်ပံ့ငွေကျပ်(၂၀၂.၅)သိန်း၊ ဘေးသင့်အိမ်ထောင်စုများမှ လူဦးရေ(၁၅၅၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၇၇.၇) သိန်း၊ အိမ်ထောင်စု(၃၈၅)စုအတွက် တန်ဖိုးငွေကျပ် (၁၅.၄)သိန်း ရှိ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း Hygene Kit (၃၈၅)စုံ၊ ကြို့ပင်ကောက်မြို့နယ်၊ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၅)စုမှ ပြိုကျနေအိမ်(၅၇)အိမ်၊ အမိုးလန်နေအိမ်(၆၃၉)အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းတော်ကြီးကျောင်း(၈)ကျောင်းတို့အတွက် ထောက်ပံ့ငွေကျပ် (၃၈၄.၅)သိန်း၊ ဘေးသင့်အိမ်ထောင်စုများမှ လူဦးရေ (၂၂၀၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၁၁၀.၂၅)သိန်း ၊ အိမ်ထောင်စု(၆၉၆)စုအတွက် တန်ဖိုးငွေကျပ် (၂၇.၈၄)သိန်း ရှိ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း Hygene Kit (၆၉၆)စုံတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဘေးသင့်အိမ်ထောင်စုများသို့ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဘေးသင့်အိမ်ထောင်စုများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက  မတ်လနှောင်းပိုင်းမှ ဇွန်လဆန်းအထိကာလများသည်မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် လေပြင်းများ တိုက်ခတ်လေ့ရှိ သည့် ရာသီကာလဖြစ်ပြီး ပြည်သူလူထုနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ပြိုလဲခြင်းတို့ဖြစ်ပွားကာနှစ်စဉ်ငွေကျပ်သန်းပေါင်းများစွာဆုံးရှုံးခဲ့ရပါကြောင်း ၊ အဆိုပါထိခိုက်ဆုံးရှုံးရမှုများကို လျှော့ချနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် နေအိမ်/အဆောက်အဦများ ကြံ့ခိုင်စေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊  လေပြင်းတိုက်ခတ်စဉ်နှင့် လေပြင်းတိုက်ခတ်ပြီးနောက် လိုက်နာဆောင်ရွက်ရန်အချက်များကို အများပြည်သူသို့ လှည့်လည်အသိပေးကြေငြာခြင်း၊ နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်ခြင်း၊ ဖြစ်ပွားမှုများပြားခဲ့သော ရပ်ကွက်/ကျေးရွာများကို ရွေးချယ်၍ စံနမူနာပြအဖြစ် ကြံ့ခိုင်မှုအားနည်းသော နေအိမ်များကို အားဖြည့်မွမ်းမံမှု လက်တွေ့ဆောင်ရွက်ပြသခြင်းတို့ကို မတ်လဆန်းပိုင်းကပင် မပြတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့် အချိန်ရာသီကာလအလိုက်၊ ဒေသ အလိုက် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို မပြတ်သတိပြု၍ လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် မိမိတို့၏ အိုးအိမ်စီးပွား ဥစ္စာများ ဆုံးရှုံးရမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းနှင့် ယခုကာလများသည် ရုတ်တရက် မိုးရွာသွန်းခြင်း လျှပ်စီးလက်ခြင်းမိုးကြိုးပစ်ခြင်း၊လျှပ်တပျက်ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်တတ်သည့်အတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြပါရန်တို့ကို ပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပါသည်။

ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်းမြို့နယ်အတွင်း ဖြစ်ပွားသည့်လေဘေးနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့ပေးခဲ့မှုမှာ ယမန်နေ့က ထောက်ပံ့ခဲ့သော လုံးဝပြိုကျပျက်စီးအိမ်များအတွက် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း အိမ်ထောင်စု (၆၇)စုစာ အပါအဝင်ထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ်(၉၁၈.၆၉)သိန်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR