ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ပေးပို့လာသော အဆိုပြုချက်(မူကြမ်း)နှင့် စပ်လျဉ်း၍ ဝန်ကြီး ဌာနအတွင်း ဆွေးနွေးညှိနှိုင်းခြင်းကို (၃-၈-၂၀၂၁)နေ့၊ (၁၀း၀၀)နာရီတွင် Online စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံခေါင်းဆောင်ကြီးများ ဆွေးနွေးသဘောတူညီခဲ့ကြသည့် အချက်(၅)ချက်အနက် နံပါတ်(၄)အချက်ဖြစ်သည့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ASEAN Humanitarian Assistance and Coordination Center for Disaster Management-AHA Center ကတစ်ဆင့်ပေးအပ်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်နှင့်အညီ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးမှာ အရေးကြီးပါကြောင်း၊ ယခုအာဆီယံ အတွင်းရေးမှုးချုပ်ရုံးက ပေးပို့လာသည့် အဆိုပြုချက်မူကြမ်းတွင် ပါဝင်သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကာကွယ်ဆေး၊ အခြား ဆေးပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မြန်မာနိုင်ငံသို့ ပံ့ပိုးပေးအပ်မည့်အစီအစဉ်သည် မိမိတို့နိုင်ငံအတွက် အကျိုးရှိမည့် အဆိုပြုချက် တစ်ခုဖြစ်ပါကြောင်း၊ သို့သော်  လုပ်ငန်းများ မြန်ဆန်စွာနှင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာန/ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရသည့်အချိန်တွင် ပိုမို ထိရောက်မှုရှိစေရေး အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ထောက်ပံ့ရေးနှင့်စပ်လျဉ်း၍လည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ဖြစ်ပွားသော သဘာဝဘေးဖြစ်စဉ်များတွင် ဘေးသတင်းများ အချိန်မီရရှိရေးသည် အရေးကြီးပါကြောင်း၊ သို့မှာသာ ဘေးသင့်ပြည်သူများသို့ လူသားချင်းစာနာ ထောက်ပံ့မှု ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးပေးအပ်နိုင်မည်ဖြစ်ပါကြောင်းတို့ကို ကနဦး အနေဖြင့် ဆွေးနွေး ပြောကြားပါသည်။

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဆွေးနွေးမှာကြားရာတွင် ကိုဗစ်၁၉ ရောဂါဆိုင်ရာ ကူညီ ထောက်ပံ့မှုများအပါအဝင် လူသားချင်းစာနာထောက်ထားမှုများသည် မိမိတို့နိုင်ငံအတွက် လိုအပ်နေသော ကူညီထောက်ပံ့မှုများဖြစ်သည့်အတွက် အာဆီယံအဖွဲ့ကြီးနှင့် ပူးပေါင်း၍ မိမိတို့ အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း နိုင်ငံအတွက် အမှန်တစ်ကယ်လိုအပ်သည့် အကူအညီများကို အမှန်တစ်ကယ်လိုအပ်နေသူများသို့ ကိုဗစ်၁၉ ဆိုင်ရာ သတ်မှတ်ချက်များ၊ နိုင်ငံတော်၏ ပကတိဖြစ်ပေါ်နေသော အခြေအနေများအရ ထုတ်ပြန်ထားသော မူဝါဒလမ်းညွှန်ချက်များ၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း ဆွေး နွေးပြောကြားပါသည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက လျာထားရေးဆွဲထားသည့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ် (မူကြမ်း)ကို Power point ဖြင့် ရှင်းလင်းတင်ပြရာ အမြဲတန်းအတွင်းဝန်က တင်ပြချက်နှင့်စပ်လျဉ်း၍ လိုအပ်သည်များထပ်မံဖြည့်စွက် ဆွေးနွေးပါသည်။



ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးချုပ်များက လိုအပ်သည့် လမ်းညွှန်ချက်ချမှတ်ပေးခြင်း၊ ပိုမိုကောင်းမွန် ထိရောက်မည့် ပူးပေါင်းဆောင်ရွက်များဖြစ်ပေါ်နိုင်သည့်လုပ်ငန်းစဉ်များ၊ ထပ်မံညှိနှိုင်းပြင်ဆင်သင့်သည့်အချက်များ၊ မူဝါဒလမ်းညွှန်ချက်များရယူနိုင်ရေးအတွက် တာဝန်ရှိဌာန အဆင့်ဆင့်သို့ ဆက်လက်တင်ပြသင့်သည့် အချက်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR