ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်၍ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်ပြည်သူလူထုအား လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရေးဆွဲပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၁၄)သည် (၃၀-၁၂-၂၀၂၄)ရက်နေ့တွင် (၁၀)နှစ်တိတိပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းများအား (၁၀) နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပြန်လည်သုံးသပ် မှတ်တမ်းထားရှိရန် မှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကရရှိလာမည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ အကျိုးကျေးဇူး ရလဒ်များ၊ အခက်အခဲများကိုအခြေခံပြီး ပိုမိုကောင်းမွန်တိကျသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တစ်ရပ်အဖြစ် ပြန်လည်သုံးသပ်နိုင်ရန်လည်း အလေးအနက်ပြောကြားလိုပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့်နေရာမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရန်ပုံငွေအပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ ရန်ပုံငွေထည့်ဝင်မှုပါဝင်နိုင်စေရေး ဆောင်ရွက်ခြင်းဖြင့်လည်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသအလိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည့်အတွက် အကြံပြုဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ယခု၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင်ကိုယ်ဝန်ဆောင်နှင့် မွေးဖွားလာသောကလေးအသက် (၂)နှစ်ထိထောက်ပံ့ခြင်းနှင့် အသက် (၈၅)နှစ်အထက် သက်ကြီးပုဂ္ဂိုလ်များကိုထောက်ပံ့ခြင်းအစီအစဉ်(၂)ရပ် ထောက်ပံ့မှုဆောင်ရွက်ရာတွင် ငွေသားလုံခြုံမှုရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့သည့်နည်းလမ်းကို စတင်အသုံးပြုဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊ယင်းအစီအစဉ်(၂)ရပ်အား ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် အချိန်မီထောက်ပံ့ပေးအပ်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားကြရန် ထပ်လောင်းပြောကြားလိုပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကော်မတီဝင်ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်သူများအတွက် မိမိတို့ ဆောင်ရွက်ပေးရမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့ ယနေ့အစည်းအဝေး ဆွေးနွေးချက်များမှ ရရှိလာမည့် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များ၊ တင်ပြချက်များကိုလည်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်အချိန်တွင် အလေးထားထည့်သွင်း ဆောင်ရွက်သွားနိုင်ရေး မှတ်တမ်းတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း

MOS

DSW

DDM

DOR