ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ်(Social  Management Information System-SMIS) ၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Case Management Information System-CMIS) Software Digital Platform ကိုအသုံးပြု၍ “CMIS Database Trainingလက်တွေ့အသုံးပြုခြင်းသင်တန်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ လူကုန်ကူးခံရသောကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသောကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များအပါအဝင်အထူးစောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်များ၏ အချက်အလက်များအား SMIS စနစ်ဖြင့်လက်တွေ့အသုံးပြုနိုင်ရန်အတွက်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်(ကြည်း၊ရေ၊လေ)၊ သတင်းနည်းပညာဌာနမှနည်းပညာအကူအညီပေး၍ရေးဆွဲခဲ့ရာ  Case Management Program ရေးဆွဲဆောင်ရွက်မှု (၉၀%)၊ CMIS Software Digital Platform အသုံးပြုမှု(၉၀%)  ရေးဆွဲပြီးစီးပြီးဖြစ်ပါကြောင်း၊၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် CMIS Software Digital Platform ကိုအသုံးပြု၍ “CMIS Database Training လက်တွေ့အသုံးပြုခြင်းသင်တန်းကိုပထမအကြိမ်အနေဖြင့်နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် (၁၂.၆.၂၀၂၃)ရက်နေ့မှ(၁၆.၆.၂၀၂၃)ရက်နေ့အထိစုစုပေါင်းသင်တန်းသား (၆၅)ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီးယခုသည် ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ SMIS Software ဖြင့်လူမှုဝန်ထမ်းဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများပိုမိုကောင်းမွန်ထိရောက်လာစေခြင်း၊ သတင်းအချက်အလက်များပိုမိုလုံခြုံစိတ်ချရခြင်း၊ ထိန်းသိမ်းထားနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်းကဲ့သို့သောအကျိုးကျေးဇူးများစွာရရှိမှာဖြစ်ကြောင်းနှင့်လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် (SMIS) Software ကို ယခုကဲ့သို့ လက်တွေ့အသုံးချပြီးဆောင်ရွက်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ အပြည့်အဝကူညီပေးခဲ့ပါသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊တပ်မတော်(ကြည်း၊ရေ၊လေ)၊ သတင်းနည်းပညာဌာနကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများနှင့် ရုံးချုပ်၊နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၀)ဦး  တက်ရောက်ခဲ့ပြီး၊ သင်တန်းကို (၁၄.၈.၂၀၂၃)ရက်နေ့မှ (၁၈.၈.၂၀၂၃) ရက်နေ့ထိ (၅)ရက်တာ ကျင်းပဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ယာယီရုံးအကြီးအကဲMs. Vanessa Mayအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. MonwarHossainအားလက်ခံတွေ့ဆုံ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR