ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများ၏ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးရုံအတွင်းလေ့ကျင့်နေမှုကိုသွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည်ဝန်ကြီးဌာနကိုယ်စားပြုပိုက်ကျော်ခြင်းအသင်း၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အသင်း၊ ဖူဆယ်အသင်းနှင့် ဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုကိုကြည့်ရှုအားပေးရာအသင်းအုပ်ချုပ်သူနှင့်နည်းပြများကပြိုင်ပွဲဝင်အားကစားသမားများစုဖွဲ့လေ့ကျင့်နေမှုအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအားပေးစကားပြောကြားရာတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ဝန်ကြီးဌာနကိုယ်စားပြုယှဉ်ပြိုင်ကြမည့်အားကစားသမားများအနေဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားအားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးကောင်းမွန်မှုရှိစေရေးစနစ်တကျနေထိုင်စားသောက်ရန်၊ယခင်နှစ်ကရရှိထားပြီးသည့်အောင်မြင်မှုအားဆက်လက်ထိန်းထားနိုင်ရေးကြိုးစားဆောင်ရွက်ကြရန်၊ဝန်ကြီးဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးအကောင်းဆုံးကြိုးစားဆောင်ရွက်သွားကြရန်မှာကြားပြီးအားကစားသမားများအတွက်အင်အားဖြည့် အစားအစာဖိုးချီးမြှင့်ငွေပေးအပ်ခဲ့ပါသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ပြေးခုန်ပစ်အားကစားနည်း(၅)မျိုးကိုအုပ်ချုပ်သူ၊နည်းပြ၊အားကစားသမားစုစုပေါင်း(၉၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း - NSPAW (၂၀၂၃-၂၀၃၂)၏ အသိပညာပေးအစီအစဉ်သို့ တက်ရောက်အမှာစကားပြောကြား
ဒုတိယဝန်ကြီး ဦးစိုးကြည် (၉) ကြိမ်မြောက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအ‌ဝေးများ၏ ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတောင်သူလယ်သမားနေ့အခမ်းအနားပိတ်ပွဲသို့တက်ရောက်ခြင်း၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဉ်နှင့်လူမှုရေးပင်စင်အစီအစဉ် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်း ဆောက်လုပ်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိမြို့နယ် လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်းအမှတ်(၁)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)နှင့် လူမှုရေးပင်စင်အစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများထောက်ပံ့ကြေးထုတ်ယူနေမှုများအားကြည့်ရှုအားပေးခြင်းနှင့်လူမှုဝန်ထမ်းလုပ်ငန်းရပ်များကြည့်ရှုူစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR