ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Gender/CEDAW/NSPAW/AGMSF/ UNSCR 1325အသိပညာပေးသင်တန်းဖွင့်ပွဲအား ယနေ့မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြစ်၍အရေးကြီးပါကြောင်း၊ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ရှိသည့်အမျိုးသမီးများ၏အင်အားမှာအရေးပါသည့်အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်အမျိုးသမီးများ၏အခွင့်အရေးများကိုအကာအကွယ်ပေးရေးနှင့် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအလေးထားအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင်ဆောင်ရွက်နေကြသည့် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်နေသည့် Gender/CEDAW/NSPAW/ AGMSF/ UNSCR 1325 လုပ်ငန်းစဉ်များကိုသိရှိစေရန်နှင့် မိမိတို့ဌာနကဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင် Gender ကို Mainstreaming အဖြစ် ဆောင်ရွက်လာစေဖို့နှင့် ဝန်ကြီးဌာနများ၊အဖွဲ့အစည်းများအကြားအမျိုးသမီးများ၏အခွင့်အရေးများကိုချိတ်ဆက်မှုကောင်းကောင်းဖြင့်  ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှအဖွဲ့ဝင်အဖြစ်လည်းကောင်း၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအောက်ရှိတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့မှ ကိုယ်စားလှယ်များကအဖွဲ့ဝင်အဖြစ်လည်းကောင်းသက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက်ပါဝင်ရေးဆွဲခဲ့ပါကြောင်း၊သက်ဆိုင်ရာဝန်ကြီးဌာနများမှာကျား၊ မရေးရာဆိုင်ရာအချက်အလက်များရရှိရန် တာဝန်ခံဆောင်ရွက်မည့်ဦးစီးဌာန(၄၆)ခုမှကျား၊ မရေးရာတာဝန်ခံ-Gender Focal Point များခန့်ထားပြီး  Gender Focal Point Network ဖွဲ့စည်းနိုင်ရေးကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊  Gender Mainstreaming လုပ်ငန်းစဉ်များအားGender Focal Point TOR အရအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကျား၊မတန်းတူညီမျှရေးပန်းတိုင်ရောက်ရှိရန်ကဏ္ဍအားလုံးနှင့်သက်ဆိုင်တာဖြစ်သလို Gender သည် Cross Cutting Issue ဖြစ်သည့်အတွက်မူဝါဒများ၊မဟာဗျူဟာများနှင့်လုပ်ငန်းစဉ်များတွင်ကျား၊မရေးရာထည့်သွင်းဆောင်ရွက်ရန်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းအသီးသီးတွင်တာဝန်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသည့် ဗဟုသုတများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းများတွင်ကျား၊မရေးရာကို စနစ်တကျထည့်သွင်းစဉ်းစားကာ ရေးဆွဲကြရန်နှင့်သင်တန်းကာလမှာလည်းတက်တက်ကြွကြွပါဝင်ဆွေးနွေးသွားကြစေလိုကြောင်းနှင့် ယခုဖွင့်လှစ်သောသင်တန်းကရရှိသည့်ဗဟုသုတ၊အသိပညာများကိုလက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား/ သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီးနောက် သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR