ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူ့အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းများနှင့် စပ်လျဉ်း၍အသိပညာမြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကသင်တန်း၏ရည်ရွယ်ချက်များမှာလူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားတို့ကို သိရှိနားလည်ခြင်းအားဖြင့် ပြည်သူလူထုအား ပိုမိုကူညီစောင့်ရှောက်နိုင်ရန်၊ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း တို့နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို သိမြင်နားလည်နိုင်စေရန်နှင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ မိသားစုနှင့်ရပ်ရွာပတ်ဝန်းကျင်တွင် အသုံးချလိုက်နာဆောင်ရွက်မှု တိုးတက်ကောင်းမွန်လာစေရန်တို့ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး လူ့အဖွဲ့အစည်းအတွင်း ရှေးနှစ်ပေါင်းများစွာကပင် ကျင့်သုံးဆောင်ရွက်ခဲ့ပါကြောင်း၊ လူသားတစ်ဦးအား လေးစားတန်ဖိုးထားရန်ဆိုတဲ့ အနှစ်သာရကို ယဉ်ကျေးမှုတိုင်း၊ လူမှုအသိုင်းအဝိုင်းတိုင်း၊ ကိုးကွယ်တဲ့ ဘာသာတိုင်း၊ အတွေးအခေါ် အယူအဆတိုင်းတွင် တွေ့မြင်နိုင်မှာဖြစ်ပါကြောင်း၊ မိမိရဲ့ လူ့အခွင့်အရေး လိုအပ်ချက်တွေကို ရရှိခံစားနိုင်ရေး သို့မဟုတ် ရရှိနိုင်ရေး တောင်းဆိုရာတွင် အများပြည်သူ အနှောင့်အယှက် မဖြစ်စေရန်၊ အခြား သူတစ်ဦးရဲ့ လူ့အခွင့်အရေး ရရှိပိုင်ခွင့်ကို မထိခိုက်စေရန်၊ သက်ဆိုင်ရာ လူ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ရာ ဘာသာ၊ ထုံးတမ်းစဉ်လာ သတ်မှတ်ချက်တွေကို ကျော်လွန်မှုမရှိစေရန်၊ မိမိကိုယ်တိုင်ရဲ့ တာဝန်သိမှု၊ တာဝန်ရှိမှုတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ အားလျော်စွာ နိုင်ငံသူ၊နိုင်ငံသားတို့ရဲ့ လူ့အခွင့်အရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCEDAW)၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRC)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD) တို့ကို အဓိကတာဝန်ယူအကောင်အထည်ဖော်ရသည့်အတွက် အဆိုပါကွန်ဗင်းရှင်းများကို သိရှိနားလည်နိုင်ဖို့ လိုအပ်ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းတို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းအားဖြင့် ဝန်ကြီးဌာန၏ မူဝါဒကို ပြည့်မီစေရေးအပြင်  ကုလသမဂ္ဂ၏ ၂၀၃၀အစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီစေရေး အတွက်လည်း  အထောက်အကူဖြစ်စေပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနဟာ မိုင်းထိပြည်သူများ၊ လက်နက်ကိုင် ပဋိပက္ခတို့ကြောင့် ထိခိုက်ခံစားရသည့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများအတွက် လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာနိုင်ငံအတွင်းရှိ တည်ဆဲဥပဒေများနှင့် နည်းဥပဒေတွေနဲ့အညီ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အပြင် နိုင်ငံတကာမှ သဘောတူချမှတ်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် သဘောတူညီချက်တွေကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြတဲ့ ဝန်ထမ်းများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရား၊ သမိုင်းကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ဝန်ကြီးဌာနအသီးသီးမှလူ့အခွင့်အရေးနှင့်ဆက်စပ်၍ အကောင်အထည်ဖော်ဆောင်ရွက် ချက်များအား သိရှိနားလည်နိုင်မည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး ပြည်သူလူထုအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေသော ဝန်ဆောင်မှု အစီအစဉ်တို့ကို ပံ့ပိုးနိုင်မှာဖြစ်ကြောင်း၊ သင်တန်းက ပို့ချမည့် သင်ခန်းစာများကို သေချာစွာ မှတ်ယူသင်ကြားခြင်းနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်းအားဖြင့် သက်ဆိုင်ရာလုပ်ငန်းခွင်တွင် ပြန်လည်အသုံးချ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

လူ့အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းများနှင့်စပ်လျဉ်း၍ အသိပညာမြင့်မားရေးသင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာအခြေခံစည်းမျဉ်းများ၊ လူ့အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းများနှင့် ဆက်စပ်သည့် သင်ခန်းစာတို့ကိုဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ ၆.၃.၂၀၂၂၃ရက်မှ ၇.၃.၂၀၂၃ရက်အထိ (၂) ရက်တာပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။



နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR