ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ’ (MOCHA) ပြင်းအား 

 

 အားအလွန်ကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)” သည် (၁-၅-၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၀၀)မှ မိုင် (၁၁၀) ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ 

 

မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ချက်

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှစ၍ လုပ်ငန်းကော်မတီအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို ဖွင့်လှစ်၍ စတင်လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်

 

အရေးပေါ်ပို့ဆောင်ရေးကဏ္ဍအနေဖြင့် လူစီးယာဉ်၊ ကုန်တင်ယာဉ်နှင့် ရေယာဉ်အပါအဝင် ရခိုင်ပြည်နယ် တွင် စုစုပေါင်းယာဉ်အရေအတွက် (၈၉၀) စီး၊ ချင်းပြည်နယ်တွင် (၃၁၇) စီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၉၃၀) စီး၊ မကွေးတိုင်းဒေသကြီးတွင် (၁၁၉၆) စီး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၇၉၈၇) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၀၀၁) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၅၁၉) အိမ်ထောင်စာနှင့် မကွေးတိုင်းဒေသကြီးတွင် (၃၈၀၄) အိမ်ထောင်စာ အသင့်သိုလှောင်ထားရှိခြင်း၊

 

 ဘေးဒဏ်ခံအဆောက်အဦီများအနေဖြင့် Cyclone Shelter Multi-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ Shelter (၅၄) လုံး၊ ချင်းပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ Shelter (၅) လုံး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့ Shelter (၁၁) လုံးနှင့် မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ Shelter (၃) လုံး ၊ အသင့်ပြင်ဆင်ထားရှိခြင်း၊

 

 တပ်မတော်၊ ရဲ၊ မီးသတ်၊ စေတနာ့ဝန်ထမ်းများအပါအဝင် ရခိုင်ပြည်နယ်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ဦးရေ (၂၇၄၃) ဦး၊ ချင်းပြည်နယ်တွင် (၅၅၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၆၄၅) ဦး၊ မကွေးတိုင်း ဒေသကြီးတွင် (၃၃၁၅) ဦး ကြိုတင်စုဖွဲ့ထားရှိခြင်း၊

 

 အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၁၂၄) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၄၀) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၆) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၇) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစားယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း တို့ကို ဆောင်ရွက်ထားရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR