ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ’ (MOCHA) ပြင်းအား 

 

 အားအလွန်ကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)” သည် (၁-၅-၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၀၀)မှ မိုင် (၁၁၀) ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ 

 

မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ချက်

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှစ၍ လုပ်ငန်းကော်မတီအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို ဖွင့်လှစ်၍ စတင်လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်

 

အရေးပေါ်ပို့ဆောင်ရေးကဏ္ဍအနေဖြင့် လူစီးယာဉ်၊ ကုန်တင်ယာဉ်နှင့် ရေယာဉ်အပါအဝင် ရခိုင်ပြည်နယ် တွင် စုစုပေါင်းယာဉ်အရေအတွက် (၈၉၀) စီး၊ ချင်းပြည်နယ်တွင် (၃၁၇) စီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၉၃၀) စီး၊ မကွေးတိုင်းဒေသကြီးတွင် (၁၁၉၆) စီး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၇၉၈၇) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၀၀၁) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၅၁၉) အိမ်ထောင်စာနှင့် မကွေးတိုင်းဒေသကြီးတွင် (၃၈၀၄) အိမ်ထောင်စာ အသင့်သိုလှောင်ထားရှိခြင်း၊

 

 ဘေးဒဏ်ခံအဆောက်အဦီများအနေဖြင့် Cyclone Shelter Multi-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ Shelter (၅၄) လုံး၊ ချင်းပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ Shelter (၅) လုံး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့ Shelter (၁၁) လုံးနှင့် မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ Shelter (၃) လုံး ၊ အသင့်ပြင်ဆင်ထားရှိခြင်း၊

 

 တပ်မတော်၊ ရဲ၊ မီးသတ်၊ စေတနာ့ဝန်ထမ်းများအပါအဝင် ရခိုင်ပြည်နယ်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ဦးရေ (၂၇၄၃) ဦး၊ ချင်းပြည်နယ်တွင် (၅၅၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၆၄၅) ဦး၊ မကွေးတိုင်း ဒေသကြီးတွင် (၃၃၁၅) ဦး ကြိုတင်စုဖွဲ့ထားရှိခြင်း၊

 

 အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၁၂၄) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၄၀) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၆) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၇) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစားယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း တို့ကို ဆောင်ရွက်ထားရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR