ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကယနေ့ကာလတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအကြိမ်ရေ၊ ပြင်းအားများသည် ယခင်ကထက်ပိုမိုများပြားပြင်းထန်လာပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကိုဦးစားပေးဆောင်ရွက်လျက်ရှိပြီးဘေးဖြစ်ပွားချိန်တွင်ဘေးအန္တရာယ်ခံစားရသူများအတွက်အခြေခံကျသည့်လိုအပ်ချက်များဖြစ်သောစားရေရိက္ခာ၊ အရေးပေါ်အခိုအကာနှင့် အသုံးအဆောင်ပစ္စည်းများကိုလျင်လျင်မြန်မြန်ထောက်ပံ့ပေးနိုင်ရေးကိုလည်းကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများတွင် ဘေးအန္တရာယ်ဖြစ်ပွားပါကကူညီထောက်ပံ့ရေးလုပ်ငန်းများကိုထိရောက်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေး အာဆီယံအရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ်” “Disaster Emergency Logistics System for ASEAN (DELSA)” ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီးကာလအပိုင်းအခြားအလိုက် လုပ်ငန်းစီမံကိန်းများသတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မလေးရှားနိုင်ငံ၊ ဆူဘန်းမြို့တွင်  အာဆီယံဒေသတွင်းနိုင်ငံများအားလုံးအတွက် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကြိုတင်သိုလှောင်ထားရှိပြီးထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်းသိုလှောင်ရုံများဖွင့်လှစ်၍ အရေးပေါ်အခြေအနေတွင်ဒေသတွင်းနိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိသကဲ့သို့မိမိတို့နိုင်ငံအနေဖြင့်လည်းကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနိုင်ရေးထောက်ပံ့ရေးပစ္စည်းများကိုဘေးမဖြစ်ပွားမီကပင်  သိုလှောင်ရုံများဖွင့်လှစ်၍ ကြိုတင်သိုလှောင်ထားရှိလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဗဟိုသိုလှောင်ရုံ (၂)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်သိုလှောင်ရုံ(၁၅)ခု၊ ခရိုင်အဆင့် သိုလှောင်ရုံ (၅၆)ခု၊ မြို့နယ်အဆင့် သိုလှောင်ရုံ (၇၃)ခု၊ စုစုပေါင်းသိုလှောင်ရုံ (၁၄၆)ခုဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများအနေဖြင့်အဆိုပါသိုလှောင်ရုံများအားစနစ်တကျစီမံခန့်ခွဲနိုင်ရေးရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊သိုလှောင်ရုံများကိုစီမံခန့်ခွဲရာတွင် ၂၀၂၀ပြည့်နှစ်ကရေးဆွဲပြုစုထားသောသိုလှောင်ရုံလက်စွဲပါ ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာဗဟုသုတများကိုလက်တွေ့လုပ်ငန်းခွင်တွင် စနစ်တကျထိထိရောက်ရောက် အသုံးပြုကြရန်မှာကြားလိုပါကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများ၊နည်းပြများနှင့်သင်တန်းသား/သင်တန်းသူများတက်ရောက်ကြပါသည်။

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)နှင့်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှသင်တန်းသား/သင်တန်းသူစုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြပြီးအဆိုပါသင်တန်းကို(၈-၁-၂၀၂၄)ရက်နေ့မှ(၁၂-၁-၂၀၂၄)နေ့အထိ(၅)ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR