ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          Generic Social Work သင်တန်းဆင်းပွဲအခမ်းအနားကို ၁၂.၁၁.၂၀၂၁ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တက်ရောက်၍ အမှာစကားပြောကြားရာတွင်အဖွဲ့အလိုက် ဆွေးနွေးမှုများ၌ သင်တန်းတွင်လေ့လာခဲ့သော Social Work နည်းလမ်း များကို သဘောပေါက် သိရှိနားလည်ပြီး အချက်အလက်များ ရှာဖွေဖော်ထုတ်ရာတွင်လည်း ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့၏ဝန်ဆောင်မှုများအား လာရောက်ရယူသူ များအနေဖြင့် ၎င်းတို့၏ အားသာချက်များကို Social Worker များကနေ ရှာဖွေဖော်ထုတ် မြှင့်တင်နိုင်ရမှာ ဖြစ်ပါကြောင်း၊ သင်တန်းမှာသင်ကြားထားသော အကြောင်းအရာများအား လက်တွေ့နှင့်ချိတ်ဆက်၍ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား လိုပါကြောင်းပြောကြား ပါသည်။

ဆက်လက်၍ အဖွဲ့အလိုက် ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ယခုသင်တန်းက ပို့ချသော ဘာသာရပ်များသည် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအားလုံး သိသင့်သိထိုက်သော Technical Subject များဖြစ်ပါကြောင်း၊       Social Work ဘာသာရပ်သည် ဝန်ကြီးဌာန၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အနည်းဆုံး အခြေခံလူမှုရေးပညာဘာသာရပ်အား သိရှိရန်လိုအပ်ကြောင်း၊ အခြေခံမှသည် Professional အထိ ဆက်လက်လေ့လာသွားကြရန် မှာကြားလိုကြောင်း၊  သင်တန်းမှရရှိသော ဗဟုသုတ များမှတစ်ဆင့် Literature များအား ဆက်လက်လေ့လာသွားရန်လိုအပ်ကြောင်း၊ ယင်းအတွက် လိုအပ်သော စာအုပ်၊ စာတမ်း၊ ကိုးကားချက်များအား စာကြည့်တိုက်တွင် ထားရှိရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းပို့ချခြင်းအားဖြင့် လုပ်ငန်းအတွေ့အကြုံတို့အား စာတွေ့နှင့်ပူးတွဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ရေရှည်ရည်မှန်းချက် အနေဖြင့် Social Work Institute တစ်ခုပေါ်ထွက်လာစေရန်အတွက် ယခုသင်တန်း တက်ရောက်သော သင်တန်းသားများအပါအဝင် အားလုံးတွင်တာဝန်ကိုယ်စီရှိပါကြောင်း၊ Social Work ဘာသာရပ်သည် အလွန်နက်နဲပါကြောင်း၊          နိဂုံးချုပ်အနေဖြင့် မိမိတို့ဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းတော်တော်များများတွင် Social Work Professional ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ Professional Organization တစ်ခုဖြစ်မည် ဖြစ်ပါကြောင်း၊ လူမှုရေးဝန်ဆောင်မှုများကို ရယူရန်လိုအပ်သောသူများအတွက် Social Worker များစွာ လိုအပ်ကြောင်း၊ ယခုသင်တန်းမှ ရရှိသော အသိပညာဗဟုသုတများမှတစ်ဆင့် ဆက်လက်လေ့လာစေလိုကြောင်း တိုက်တွန်း ပြောကြားသွားပါသည်။

      ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ သင်တန်းဆင်းပွဲကို နေ့လယ် (:၀၀နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR