ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

  

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၁၆၈၂)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်အတွက် ရေပေးဝေသည့်ဂါလံ (၁၀၇၄၁၀) ဖြင့် အကျိုးပြုလူဦးရေ (၃၃၀၀၀)ဦးအား ရေသန့်စင်ကား (၅)စီးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၈၁ % ရှိခြင်း၊

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၆၇၉၀) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၃၀၈) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၂၄၈) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၅၃၆) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၆၅) အိမ်ထောင်စာနှင့် မြို့နယ်အထွေထွေအုပ်နှင့် DMC ရုံးများတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၇၃၂)လိပ်၊ မိုးကာတဲ (၁၁၀၉)လုံး၊ သွပ် (၂၄၀၉၇၆)ချပ်၊ သွပ်သံ (၂၁.၈၄)ပိဿ၊ အိမ်ရိုက်သံ (၆၄၂၄.၂)ပိဿ၊ ချိန်းဆော (၄၄)လက်၊ ခေါက်ဆွဲခြောက် (၂၃၈၈၃၀)ထုပ် ဆန် (၂၁၈၀၇)အိတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉)ချပ်၊ ခေါက်ဆွဲခြောက် (၃၀၀၀၀)ထုပ်မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီတွင် မိုးကာတဲ (၅၂၆)လုံးနှင့် သစ်ခွဲသား (၁၂၃၂) တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရန်အတွက် အိမ်ရိုက်သံ (ဆိုဒ်စုံ) (၃၆၁၄၅.၇)ပိဿနှင့် သွပ်သံ (၂.၅ လက်မ) (၈၃၂၈.၁၆)ပိဿ တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ကျန်းမာရေးသုံးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၂၁၇၀၀၀)ထုပ်၊ Disaster Kit (၂၂၀)ပုံး၊ Emergency Light (၉၀၀)ခု၊ IEHK (၁၁၄)ပုံး၊ ကလိုရင်းဆေးမှုန့် (၁၀၀)ပုံး၊ အိမ်သာခွက် (၃၀၀၀)ခုနှင့် ရေသန့်ဆေးပြား (၂၂၁၂၀၀၀)ခု၊ ချင်းပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၅၅၀၀)ထုပ်၊ Disaster Kit (၈၀)ပုံး၊ Emergency Light (၁၀၀)ခု၊ ကလိုရင်းဆေးမှုန့် (၃၇)ပုံး၊ IEHK (၂၄)ပုံး၊ ရေသန့်ဆေးပြား (၂၂၄၀၀၀)ခု၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဓါတ်ဆားမှုန့် (၅၀၀၀၀)ထုပ်၊ Disaster Kit (၅၄၉)ပုံး၊ IEHK (၁)ပုံး၊ ကလိုရင်းဆေးမှုန့် (၅၀)ပုံး၊ ရေသန့်ဆေးပြား (၁၀၀၈၀၀၀)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် Disaster Kit (၈၇)ပုံး၊ IEHK ()ပုံး၊ ကလိုရင်းဆေးမှုန့် (၃၁၅)ပုံး၊ ရေသန့်ဆေးပြား (၁၉၂၀၀၀)ခု၊ မကွေးတိုင်းဒေသကြီးအတွက် ရေသန့်ဆေးပြား (၃၀၀၀၀၀)ခု၊  ကလိုရင်းဆေးမှုန့် (၁၄၂)ပုံး၊ Disaster Kit (၁၀)ပုံး၊ IEHK (၄)ပုံး တို့ကို ပို့ဆောင်ခြင်း၊

 

ကနဦးကွင်းဆင်းစာရင်းကောက်ယူမှုအနေဖြင့်  ရခိုင်ပြည်နယ်တွင် (၁၇)ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ဖွဲ့နှင့် မကွေးတိုင်းဒေသကြီးတွင် (၁)ဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄ ဦး

 

ဒဏ်ရာရ  -  ၁၃၁ ဦး

 

နေအိမ်ပျက်စီး  -  ၂၇၄၀၂၀ လုံး

 

စာသင်ကျောင်း  -  ၁၈၀၄ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၅၂၄ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၄၇၃ ခု

 

တာဝါတိုင်    -  ၁၆ တိုင်

 

ဓာတ်တိုင်   -  ၈၃၈၁ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၃၈၄၃၅၈ ကောင်

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၃၁၁၀.၃၇၄)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR