ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

နိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာဖြင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည် နယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများအတွက် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းအား Online ဖြင့် (၂၁..၂၀၂၁) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ  ဘာသာရပ်ဆိုင်ရာ သင်တန်းနည်းပြများ၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ  အဖွင့်အမှာစကားပြောရာတွင် နိုင်ငံတော်အစိုးရမှ တာဝန်ယူ ဆောင်ရွက် သည့် ဖေဖော်ဝါရီလ()ရက်နေ့မှစ၍ ရှေ့လုပ်ငန်းစဉ်()ရပ်ကို သတ်မှတ်ကြေငြာပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးတာဝန်ကို ရယူဆောင်ရွက်ခဲ့ရာ ၎င်းရှေ့လုပ်ငန်းစဉ်များအရ လတ်တလောဖြစ်ပွားနေ ဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ထိထိ ရောက် ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကူးစက်ပြန့်ပွားနေသော COVID-19တတိယလှိုင်းသည် ဗိုင်းရပ်မျိုးကွဲသစ်ဖြစ်၍ ကူးစက်မှုမြန်ပြီး သေဆုံးမှုများပြားသည်ကို တွေ့ရပါကြောင်း၊ စေတနာ့ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊  မြို့နယ်အဆင့် စေတနာဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့များအား သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်သွားရန် နှင့် စေတနာ့ဝန်ထမ်းများ အတွက် လိုအပ်သော စက်သုံးဆီ၊ စားစရိတ်၊ ကျန်းမာရေး အကာအကွယ်သုံးပစ္စည်းများအား နိုင်ငံတော်မှ ပံ့ပိုးပေးသွားရန်ဖြစ်ပါကြောင်း၊ COVID-19  တတိယလှိုင်း ကာလအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် အားဖြည့် ကူညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိတဲ့ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၏ မြေပြင် ဆောင်ရွက်ပေးနေမှု အခက်အခဲများအား သိရှိနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်၍  လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး (..၂၀၂၁) ရက်နေ့မှာ  လတ်တလော COVID-19 ရောဂါအဖြစ်များနေသော တိုင်းဒေသကြီး/ပြည်နယ်()ခုမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် Online တွေ့ဆုံမှု အစီအစဉ်ကို ကျင်းပပြုလုပ် ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးကို တက်ရောက်လာကြတဲ့ စေတနာ့ ဝန်ထမ်းများ၏ အကြံပြု ဆွေးနွေးတင်ပြချက်များအရ ယခုလိုစေတနာ့ဝန်ထမ်းများအတွက် လိုအပ်သည့် ကျွမ်းကျင်မှု ဆိုင်ရာ အသိပညာပေးသင်တန်းကို ဖွင့်လှစ်ရခြင်းပဲဖြစ်ပါကြောင်း၊ ယခုသင်တန်း ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တိကျသော လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ပိုးတွေ့လူနာများ၊ သံသယလူနာများ၊ ထိစပ်သူများ နှင့် ပတ်သက်ပြီးကူညီဆောင်ရွက်ရာတွင် သိရှိလိုက်နာရန်အချက်များအား  စုစည်းပြင်ဆင်ထားပြီး သင် တန်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက်များအနေဖြင့်  (က) COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဒေသအလိုက် စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်း များ ပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်၊ () တတိယလှိုင်းကို အောင်မြင်စွာ ရင်ဆိုင် ကျော်ဖြတ်နိုင်ရန်အတွက် အစိုးရနှင့်ပြည်သူ လက်တွဲညီစွာ ဆောင်ရွက်နိုင်ရန်၊() နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊မြို့နယ်များအလိုက် စေတနာ့ဝန်ထမ်း Volunteer များနှင့် ပရဟိတအဖွဲ့အစည်းများ၏ အင်အားကို စုစည်းရယူဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှု များပေးနိုင်ရန် အတွက်ဖြစ်ပါကြောင်း ၊ယနေ့သင်တန်းတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ နှင့် လုပ်ငန်းတာဝန်၊ COVID-19 ကပ်ရောဂါနှင့် ပတ်သက်သော သိသင့်သည့်အချက်များ၊ ကူးစက် ရောဂါကာကွယ်ရေးနည်းလမ်းများ အပါအဝင် ပြောဆိုဆက်သွယ်ခြင်းဆိုင်ရာ စွမ်းရည်၊ နှစ်သိမ့် ဆွေးနွေးကူညီပေးခြင်းဆိုင်ရာ နည်းလမ်းများ၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ သက်ကြီးရွယ် အိုများစသည့် အုပ်စုအလိုက် ကူညီစောင့်ရှောက်ခြင်းနှင့် ပတ်သက်သော လိုက်နာရန်များ၊ ရှောင်ရန် ဆောင်ရန်များကို  ပို့ချဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပြည်သူလူထုအတွင်း COVID - 19 ရောဂါ ပျံ့နှံ့မှုကို ဖြတ်တောက်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန် ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သကဲ့သို့ စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးကြီးသော ကဏ္ဍကြီး ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း/ပရဟိတအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ပြည်သူများအတွက် အကူအညီနှင့် အကျိုးဖြစ်ထွန်းမှုများစွားရရှိခဲ့ပါကြောင်း၊ ဒုတိယလှိုင်းမှ ရရှိခဲ့သော အတွေ့အကြုံများအရ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး နိုင်ငံ တော်မှ ညွှန်ကြားထားပါကြောင်း၊ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်းအတွက် စေတနာ့ဝန်ထမ်းနှင့် ပရဟိတအဖွဲ့များသည်  COVID - 19 ကပ်ရောဂါကာလအတွင်း တန်ဖိုး မဖြတ်နိုင်သောအင်အားစု တစ်ရပ်ဖြစ်ပါကြောင်းနှင့် ဆက်လက်၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန်နှင့် ပူးပေါင်းပါဝင်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယခုတတိယလှိုင်းကာလသည် နိုင်ငံ တော်အတွက် အရေးကြီးသော အချိန်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများရဲ့ ပါဝင်ကူညီမှုများ အတွက် အထူးကျေးဇူးတင်ပါကြောင်း၊  လတ်တလောတွင် COVID-19 ရောဂါဟာ ပြည်သူများရဲ့ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာဖြစ်တဲ့အတွက် ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး ကွဲပြားမှုများကို ခံစားအလေးပေးရမည့် အချိန်မဟုတ်ဘဲ နိုင်ငံနှင့် လူမျိုးအတွက်အတူ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါကြောင်း၊ တစ်ချိန်တည်းမှာပင် စေတနာ့ဝန်ထမ်း များကိုယ်တိုင် လုံခြုံရေးအရေးကြီးပါကြောင်း၊ ကိုယ်တိုင် ဦးစွာကျန်းမာ ကြံ့ခိုင်မှ လုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ယင်းတို့အတွက် သင်တန်းတွင် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုစရာ၊ သတိထားစရာ၊ သိရှိလိုက်နာစရာများ ပို့ချဆွေးနွေးပေးသွားမှာဖြစ်ပြီး နိုင်ငံတော်အတွက် အလိုအပ်ဆုံးအချိန်မှာ ပါဝင်ပေးကြသူများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါ ကြောင်း ပြောကြားပါသည်။



ဆက်လက်၍ သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူများက ဘာသာရပ်များအား ရှင်းလင်း ပို့ချခြင်း၊ စေတနာ့ဝန်ထမ်းများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ အသိပညာမျှဝေခြင်းများ ဆောင် ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားအဖြစ် တက်ရောက်ကြသူများအားလုံးနှင့် သင်တန်းပို့ချသူများ၊ စီစဉ်ဆောင်ရွက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလ (၁၄) လတာကို ကျော်ဖြစ်ခဲ့ပြီး ယခုတတိယလှိုင်း ကြုံတွေ့လာရသည်မှာ ()လတာရှိပြီဖြစ်ပါကြောင်း၊ ထူးခြားချက်အနေဖြင့် ယခုကြုံတွေ့ နေရသည်မှာ ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပြီး ကူးစက်မြန်ပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း ဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းတချို့၏ ပါဝင်မှုအားနည်းနေသည် များလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လူထုကျန်းမာရေးအရေးပေါ်အခြေအနေ ရင်ဆိုင်ကြုံ တွေ့နေရချိန်တွင် မိမိတို့၏ စေတနာ့ဝန်ထမ်း အပေါင်းအသင်း၊ မိတ်ဆွေများကို အားလုံးပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံပေးနိုင်ပါရန် ပြောကြားလိုပါကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း စေတနာ့ဝန်ထမ်းများကို သင်တန်းများဆောင်ရွက်ပေးခြင်းနှင့်အတူ လိုအပ်သည့် ပံ့ပိုးမှုများလည်း ပေးနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တတိယလှိုင်းကို ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်လွှားသွားနိုင်ဖို့ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်သွားကြဖို့ မေတ္တာရပ်ခံပါကြောင်း ပြောကြားပြီး သင်တန်းကို မွန်းလွဲပိုင်း (၁၄:၄၅)တွင် ရုပ်သိမ်းခဲ့ပါသည်။ ယနေ့ပြုလုပ်သည့် သင်တန်းတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး စေတနာ့ဝန်ထမ်းနှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၁၈၇) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။



နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR