ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလွှမ်းခြုံမှု မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဧပြီလ ၇ ရက်၊ သတင်းစဉ်

          ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလွှမ်းခြုံ မှုမြင့်မားစေရေးအလုပ်ရုံဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Virtual စနစ် ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှု ဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့်  ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့်အညီ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ပဋိသန္ဓေတည်သည့်အချိန်မှစ၍ သက်ကြီးဘဝအထိ အရွယ်စုံ ဦးတည်အုပ်စုအလိုက် လိုအပ်သော မူဝါဒများ၊ မဟာဗျူဟာများ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်ဟာ ဌာနရဲ့ ဗဟိုချက်လုပ်ငန်းကြီးဖြစ်ပြီး အရေးကြီးသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးဖြစ်ပွားမှုသည်  မူကြိုကဏ္ဍကိုလည်း အကျိုး သက်ရောက်ပါကြောင်း၊ မူကြိုကျောင်းများပိတ်ထားရသဖြင့် ကလေးများကို စနစ်တကျ ပြုစုပျိုးထောင်မှုအခွင့်အလမ်း မရရှိကြပါကြောင်း ၊ မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်ချိတ်ဆက်ပြီး ဆောင်ရွက်ရန်လိုသလို ပုဂ္ဂလိက ကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပါကြောင်း၊ မူကြိုပညာရေး လွှမ်းခြုံမှုမှာ ရာခိုင်နှုန်းအားဖြင့်နည်းနေ၍ လွှမ်းခြုံမှုမြင့်မားလာရေးအတွက် ဆွေးနွေး ပေးကြစေလိုကြောင်း၊ လွှမ်းခြုံမှုများဆောင်ရွက်ရမည့် နည်းတူ အရည်အသွေးပြည့်ဝသော မူကြိုပညာရေးရရှိရန်အတွက်လည်း အရေးကြီးပါကြောင်း၊ ၎င်းအပြင် အထူးအခြေအနေတွင် ရှိသော ကလေးများ မူကြိုပညာရရှိရေးကိုလည်း အလေးထားဆွေးနွေးလိုပါကြောင်း၊ ဆွေးနွေးချက်များအပေါ်မူတည်ပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ် ရမှာဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံ၏အနာဂတ် မျိုးဆက်သစ် များဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြရန်ဖြစ်သည့်အတွက် အရေးကြီးပါကြောင်း၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံပေးရမည့် လုပ်ငန်းဖြစ်ပါ ကြောင်း၊ ဆွေးနွေးပွဲရလဒ်များကိုလည်း များစွာမျှော်လင့်ပါကြောင်း၊ ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက်  လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မူလတန်းကြို တက်ရောက် မှုနှုန်းမြင့်မားစေရန်မှာ မူဝါဒချမှတ်သူများနှင့် လုပ်ငန်းအကောင်အထည်ဖော် နေသူများ အကြားညှိနှိုင်းအဖြေရှာမှု၊  ပေါင်းစပ်အားထုတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများသို့ မရောက်ခင် ကလေးများအား လေ့ကျင့်ပေးရန်မှာ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသူများအနေနှင့် မူကြိုကျောင်းများ၏ အရည်အသွေး (Quality) မြင့်မားလာစေရေး၊ မူကြိုကျောင်းများ တက်ရောက်မှု ( Coverage ) လွှမ်းခြုံမှုမြင့်မားလာစေရေး၊ ECCD လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစိုးရဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများအကြား အချင်းချင်းချိတ်ဆက်မှုစနစ် (Networking System)  အားကောင်းစေရေး စသည့် အချက်()ချက်အပေါ်တွင် အဓိကထား၍ ဆွေးနွေးရန်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး မည့်ခေါင်းစဉ်များနှင့် လုပ်ငန်းစဉ်များအပေါ်ရှင်းလင်းခြင်း၊ သက်ဆိုင်ရာ နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် အစည်းအဝေးတက်ရောက်လာသူ များမှ အုပ်စု()စုခွဲ၍ မူကြိုပညာရေးအရည်အသွေးမြင့်မားမှု (Quality)၊ မူကြို ပညာရရှိမှုမြင့်မားရေး (Expanding ECCD Education) ECCD ရန်ပုံငွေ (ရရှိ/ထိန်းသိမ်း/သုံးစွဲမှု)(Budget)နှင့် ECCD ဆိုင်ရာဆောင်ရွက်ချက်များ(Collaboration & Inclusive ECCD) တို့ကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ ပြန်လည်တင်ပြခြင်းနှင့် ဆွေးနွေးချက်များ အပေါ် အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR