ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့ (၅-၁-၂၀၂၁)ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက် တွင် တည်ဆောက်ထားသော ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဖွင့်လှစ်နိုင်ရေးနှင့် ပြုစုစောင့်ရှောက်ပေးရမည့် ကလေးငယ်များအား COVID - 19 စည်းကမ်းချက် များနှင့်အညီ စနစ်တကျ လွှဲပြောင်းလက်ခံနိုင်ရေး ကြိုတင်ဆောင်ရွက်ထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ကလေးပြုစုရေးဌာန (နေပြည်တော်)သို့ ရောက်ရှိပြီး အဆောက်အဦကို လှည့်လည်ကြည့်ရှုကြပါသည်။


 ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နေ့ကလေးထိန်းနှင့် မူကြိုအရွယ်ကလေးများအတွက် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားခြင်း၊ အသက်အရွယ်အလိုက် ထားရှိရမည့်အခန်း များအား ကြိုတင်ပြင်ဆင်ခြင်း၊ ကလေးငယ်များအတွက် နို့မှုန့်၊ အာဟာရမှုန့်နှင့် အခြား ရိက္ခာများ အချိန်မီဖြည့်တင်းထားခြင်း၊ အခြေခံကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးဝါးများ ကြိုတင်ထားရှိခြင်းနှင့် ကလေးငယ်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်ဆောင်ရွက် ထားခြင်းလုပ်ငန်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကလေးပြုစု ရေးဌာနများက ကလေးငယ်များအား နေပြည်တော်သို့ခေါ်ဆောင်ရာတွင် COVID – 19 ထိန်းချုပ်၊ ကာကွယ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်းလိုက်နာ၍ စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများဆောင်ရွက်ခြင်းနှင့် ကလေးငယ်များအတွက် Quarantine ထားရှိမည့်နေရာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းခြင်း လုပ်ငန်းများကို အချိန်မီပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တို့အတွက် လိုအပ်သော  ဖြည့်ဆည်းညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။


ကလေးပြုစုရေးဌာန (နေပြည်တော်)ကို ရင်ခွင့်မဲ့ကလေးငယ်များအား ပြုစု စောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းက ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေကျပ်  (၁) ဘီလီယံကျော်ဖြင့် အကုန်အကျခံတည်ဆောက်ခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦကို(၁၃.၂.၂၀၂၁) ရက်နေ့တွင်ဖွင့်လှစ်၍ ရင်ခွင့်မဲ့ ကလေး သူငယ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ဆိုင်ရာစည်းကမ်းများ၊ ညွှန်ကြားချက် များနှင့်အညီ လက်ခံပြုစုစောင့်ရှောက်ရန် စံလုပ်ငန်းလမ်းညွှန်များ ရေးဆွဲထားရှိပြီး ဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရုံး၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraအားလက်ခံတွေ့ဆုံ
ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် တုံ့ပြန် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း

MOS

DSW

DDM

DOR