ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ (၁၃-၉-၂၀၂၁) ရက်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ် အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဦးစီးဌာနမှ  အရာထမ်းများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စာရင်းစစ်အကြံ ပြုချက်များအား ပြုပြင်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ရန်လိုကြောင်း မြေပြင်တွင် အကောင်အထည်ဖော် လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဦးစီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်း များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘဏ္ဍာငွေလျာထား ခန့်မှန်းရေးကိစ္စရပ်များ၊ လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ မြေပြင်တွင် ဆောင်ရွက်ရာတွင် မူလလျာထားချက်နှင့်အညီ အနီးစပ်ဆုံး ဆောင်ရွက်နိုင်ရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာရရှိနိုင်ရေး ၊ အချိန်နှင့်တပြေးညီ လျင်မြန်စွာ ထောက်ပံ့ဆောင်ရွက်ရေးကိစ္စများ ဆောင်ရွက်ရာတွင် ရုံးချုပ်နှင့် ပြည်နယ်၊ တိုင်း၊ ခရိုင် ၊ မြို့နယ်အသီးသီးတွင် တာဝန်ယူဆောင်ရွက် နေသော အမှုထမ်း၊ အရာထမ်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် ဆက်စပ် ဌာနများ၊ အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ကြိုစားဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အကြံပြုချက်များအပေါ် ဝန်ကြီးရုံးနှင့် ဦးစီးဌာန အသီးသီးမှ တာဝန်ခံများက စာရင်းစစ်အကြံပြုချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးပါသည်။ ထို့နောက် ရှေ့လာမည့် ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်ကြ ရန်နှင့်စာရင်းစစ်အကြံပြုပါကိစ္စရပ်များ နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များ၊ ဖြည့်ဆည်း ဆောင်ရွက်နိုင်မည့်အခြေအနေများ ပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR