ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော် ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်များရှိစေတနာ့ဝန်ထမ်းများ/ပရဟိတအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများမှ တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို သိရှိနိုင်ရေး ထပ်ဆင့်မျှဝေရှင်းလင်းခြင်း အစီအစဉ်အား (၃၁..၂၀၂၁)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် Online ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် မြေပြင်တွင် လက်တွေ့ဆောင် ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး /ပြည်နယ်များအတွင်း COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းမျာ၏ လိုအပ်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ ပံ့ပိုးကူညီနိုင်ရေး ‌ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သိရှိစေရန် ပြန်လည် မျှဝေပေးတဲ့အစီအစဉ် ဖြစ်ပါကြောင်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေးဝန်ကြီး ဌာနအနေဖြင့် (၂.၆.၂၀၂၁) ၌ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ပြီး လတ်တလောရောဂါအဖြစ်များနေသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် (၇) ခုမှစေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများကိုသာ ဖိတ်ကြား တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ (၂၁.၇.၂၀၂၁) ရက်နေ့တွင် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး၊ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား COVID-19 ရောဂါဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးတွင် ပါဝင်ဆောင်ရွက်ရာ၌ စနစ်တကျဆောင် ရွက်နိုင်ရန် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်  လူမှု ဝန်ထမ်းဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများပူးပေါင်း၍ စေတနာ့ဝန် ထမ်းသင်တန်း များ ဖွင့်လှစ်ခဲ့ပါကြောင်း၊ (၂၆-၇-၂၁)ရက်နေ့တွင် ရောဂါဖြစ်ပွားမှုများနေသော ရန်ကုန်တိုင်း ဒေသကြီးမှ စေတနာ့ဝန်ထမ်း များနှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ မြေပြင်အခက်အခဲနှင့် လိုအပ်ချက် များကို သိရှိနိုင်ရန် တွေ့ဆုံမှုပြုလုပ်ခဲ့ပါကြောင်း၊ ထပ်မံ၍(၂၇.၇.၂၀၂၁)ရက်နေ့နှင့် (၂၈.၇.၂၀၂၁) နေ့များတွင် လိုအပ်ချက်များ ဆွေးနွေးဖော်ထုတ်ရန် ကျန်ရှိတိုင်းဒေသကြီး၊ ပြည်နယ် (၈) ခုမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အသင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေး တင်ပြချက်မှတ်တမ်းများကို (၃၀.၇.၂၀၂၁) ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်ကော်မတီ၏ အစည်း အဝေးတွင် အခက် အခဲများ/လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ လက်ရှိ ကာလအထိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စေတနာ့ ဝန်ထမ်းစုစုပေါင်း (၁၈၀၈၀)ဦး အတွက် စားသောက် စရိတ်ငွေကျပ် (၂၂၅၅.၈၈)သန်းနှင့် ပရဟိတအဖွဲ့အစည်းပေါင်း (၁၆၃၁)ဖွဲ့ အတွက် စက်သုံးဆီလိုအပ်ချက်အတွက်ငွေကျပ် (၁၇၆၄) သန်းကို ကျခံသုံးစွဲ ခွင့်ပြု ပေးခဲ့ပါကြောင်း၊  (၂၆.၇.၂၀၂၁) တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်း များအတွက် (၄၀၁၉.၈၉၅)သန်း ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုတတိယလှိုင်းတွင် ကုသရေးစင်တာများ၊ Q centerများ၌ ထားရှိသူများကို တစ်ဦးလျှင် စားစရိတ် (၄၅၀၀)ကျပ်နှုန်း ကျွေးမွေးရန် ခွင့်ပြုခဲ ့ပါကြောင်း၊ (၃၀.၇.၂၀၂၁) ရက်နေ့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်ကော်မတီ ၏အစည်းအဝေးတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံအုပ်ချုပ်ရေးကောင်စီများ အနေဖြင့် ဒေသလိုက်ဖြည့်ဆည်းမှုပေးရန် ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လည်း စေတနာ့ဝန်ထမ်း သင်တန်းများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လူနာ တင်ယာဉ်များ စီစစ်ရေးကတ်ပြားများ ထုတ်ပေးရန်ကိစ္စ၊ သွားလာရေးတွင် လုံခြုံရေးစီစစ်ခွင့်ပြု ပေးရန်ကိစ္စ၊ စေတနာ့ဝန်ထမ်းကဒ်များ ပြုလုပ်ပေးသွားရန်များစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်း/ပရဟိတအဖွဲ့များ ဗဟိုကြီးကြပ်ကွပ်ကဲရေးဌာနများ၊ Recovery Center များ၊ ဖွင့်လှစ်ရေးကိစ္စအား တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ အရေးပေါ်လူနာ တင်ယာဉ်များပေါ်တွင် အောက်စီဂျင်အိုး တပ်ဆင်ထားရန် လူနာတင်ယာဉ်များကို မြို့နယ်အလိုက် စီစဉ်ထားရန်ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ မြေပြင်သတင်းအချိန်မီသိရှိနိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ်စီမံအုပ်ချုပ်ရေးကောင်စီ ၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများတွင် ခရိုင်/ မြို့နယ်အလိုက် Call Center များ ထားရှိနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ စေတနာ့ဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်များရှိ စီမံအုပ် ချုပ်ရေးကောင်စီများ နှင့်ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊နိဂုံးချုပ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ် နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ထိရောက်စွာ ဆောင်ရွက်ကြပါရန်၊ လိုအပ်ချက်များဖြစ်သော ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ၊ သတင်းအချက်အလက်များအား ကွန်ယက် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပူးပေါင်း‌ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင်စေတနာ့ဝန်ထမ်းများ/ ပရဟိတ အဖွဲ့များ၏ လိုအပ်ချက်များအား စဉ်ဆက်မပြတ်တင်ပြဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တတိယ လှိုင်းတွင် လိုအပ်ချက်များသည် မိမိတို့မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားနေပါကြောင်း၊ အချိန်မီ ကူညီပံ့ပိုးနိုင်ရန်အတွက်မြေပြင်အခြေအနေကိုအတိအကျသိနေတဲ့ စေတနာ့ဝန်ထမ်းများ /ပရဟိတ အဖွဲ့အစည်းများအား ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန် ထမ်းဦးစီးမှူးများအနေနှင့်လည်း ညွှန်ကြားချက်များအား မြို့နယ်အထက် အဆင့်ဆင့်သို့သေချာ ချိတ်ဆက် ညှိနှိုင်းပေးပါရန်နှင့် အချိန်နှင့်တစ်ပြေးညီအလေးပေးဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊လူမှုရေးဝန်ဆောင်မှု လူမှုအကူအညီပေးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန် လုပ်ကိုင် ဆောင်ရွက်ရတာဖြစ်၍ ပရဟိတအဖွဲ့အစည်းများ၏အသံကို အလေးထားဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် များမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီး၏ နယ်မြေအခြေအနေ အခက်အခဲ၊ လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြပြီး၊ နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ဘေးကိုသာမက သဘာဝဘေးများလည်းကြုံတွေ့နေကြရတဲ့ အချိန်ဖြစ်လို့  မိမိတို့တိုင်းပြည်နှင့်လူမျိုးအတွက် အစိုးရနှင့်ပြည်သူ ပူးပေါင်းလက်တွဲပြီး ကိုဗစ်-၁၉ ရောဂါကိုတိုက်ထုတ် ကြဖို့လိုအပ်ပါကြောင်း၊ တက်ရောက်လာသူများက တက်တက်ကြွကြွပါဝင် ဆွေးနွေးပေးကြလို့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြား၍ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။






နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR