ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)(မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများဆိုင်ရာလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်(၁၀:၀၀)နာရီတွင်နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများဆိုင်ရာလုပ်ငန်းကော်မတီဝင်(၂၀)ဦးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရာတွင်အဓိကလုပ်ငန်းနယ်ပယ်တစ်ရပ်ဖြစ်သောအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများကဏ္ဍနှင့်ပတ်သက်ပြီးပထမဆုံးခေါ်ယူသည့်ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) NSPAW Phase II ကိုရေးဆွဲနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကဥက္ကဌအဖြစ်ပါဝင်သည့်ဦးဆောင်ကော်မတီ(၁)ခုနှင့် ညွှန်ကြားရေးမှူးချုပ်များက ဥက္ကဌဖြစ်ပါဝင်သည့်လုပ်ငန်းကော်မတီ(၁၂)ခုကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်ဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း၊မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါ ဦးစားပေးနယ်ပယ် (၁၂)ရပ်အနက်မှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးနှင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းယန္တရားက(၂)ရပ်ကိုလူမှုဝန်ထမ်းဦးစီးဌာနကဦးဆောင်ရေးဆွဲရန်တာဝန်ယူထားပါကြောင်း၊အမျိုးသမီးများနှင့်အရေးပေါ်အခြေအနေကိုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကတာဝန်ယူရေးဆွဲနေပါကြောင်း၊အလားတူသက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီဝင်များအားလုံးကလုပ်ငန်းအစီအစဉ်များကိုတာဝန်ယူရေးဆွဲဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများ (ပထမမူကြမ်း) နှင့်ပတ်သက်ပြီးလုပ်ငန်းအကောင်အထည်ဖော်မှုနှင့်ညွှန်ကိန်းများတွင်ကြုံတွေ့ရနိုင်ဖွယ်ရှိသောအခက်အခဲများကိုလည်းတင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊တက်ရောက်လာကြသောကော်မတီအဖွဲ့ဝင်များအနေဖြင့် NSPAW Phase II ရေးဆွဲနိုင်ရန်လိုအပ်သည့်အချက်အလက်များကိုအကြံပြုဆွေးနွေးပေးကြရန်နှင့်ရှေ့ဆက်ဆောင်ရွက်ရမည့် NSPAW Phase II အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ်များတွင်လည်းတက်တက်ကြွကြွပူးပေါင်းပါဝင်ပေးကြရန်ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများမူဘောင်(မူကြမ်း) ရေးဆွဲထားမှုအပေါ်ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသောလုပ်ငန်းကော်မတီအဖွဲ့ဝင်များကအကြံပြုဆွေးနွေးခဲ့ကြကာလူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားပြီးအစည်းအဝေးအားနေ့လယ်(၁၃:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၃)နှင့်သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာအစည်းအဝေးများတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှု၊ ဂရုဏာ ကမ္ဘာဘိုးဘွားရိပ်သာနှင့် အောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများသို့ ကြည့်ရှုစစ်ဆေးခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့်မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်း၊ မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံတကာ၏ အလှူငွေများလှူဒါန်းခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် “အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း”သင်တန်းဆင်းပွဲအခမ်းအနားများသို့တက်ရောက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပခြင်းနှင့် သိုလှောင်ရုံထိန်းသိမ်းရေးသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ရုံးများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃)သို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏တတိယရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးMr. RaoufMazouနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR