ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်ပသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးများ တက်ရောက်ခဲ့သော အရာထမ်း/အမှုထမ်းများမှ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကိုယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ပြည်ပခရီးစဉ်များ အနည်းငယ်ရပ်တန့်ခဲ့သော်လည်း ဌာန၏ Core Functions များအား ပိုမိုအားစိုက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊၂၀၂၂ခုနှစ်အတွင်း ပြည်ပခရီးစဉ်များရှိလာပြီး ဝန်ကြီးဌာနအတွင်း အရာထမ်း(၇၀)ဦး၊ အမှုထမ်း(၁၀)ဦး၊စုစုပေါင်း(၈၀)ဦးတို့သည် တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံအစရှိသည့် နိုင်ငံများသို့ ခရီးစဉ်(၃၄)ကြိမ်သွားရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊  နိုင်ငံတကာနှင့်ထိတွေ့ ဆောင်ရွက်နိုင်မှုမှသည် နိုင်ငံတကာနှင့်ဆိုင်သောအတွေ့အကြုံအသိပညာများရရှိလာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပပညာသင်စေလွှတ်ခြင်းကိစ္စရပ်များကိုအားပေးလျက်ရှိပါကြောင်း၊ Life Long Learning အနေဖြင့် လုပ်ငန်းခွင်သင်ကြားရေးသာမက ပြည်ပအစည်းအဝေးများ၊ ညီလာခံများတက်ရောက်ခြင်းဖြင့် သင်ယူရမှာဖြစ်ပါကြောင်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်သူများအနေဖြင့် နိုင်ငံတော်နှင့်ဌာနအပေါ်တွင် ပြန်လည်အကျိုးပြုရမှာဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် အတွေ့အကြုံများဖလှယ်မျှဝေခြင်းအစီအစဉ်တွင် ဗဟုသုတများတိုးပွားစေရေး သေချာမှတ်သားပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြပါရန်ပြောကြားခဲ့ပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ပထမပိုင်းကို(၁၈-၁-၂၀၂၃) ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့တွင်ကျင်းပခဲ့သောကဏ္ဍပေါင်းစုံ၌ ကျား/မတန်းတူညီမျှရေးအမြင် ထည့်သွင်းစဉ်းစားရေးဆိုင်ရာ အာဆီယံအမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်နှင့်အာဆီယံအမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အရာထမ်း(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံစံသတ်မှတ်ချက်များနှင့် အသိအမှတ်ပြုထောက်ခံချက်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၂)ဦး၊အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့နှင့်မာနာဒိုမြို့၌ (၇) ကြိမ်မြောက် အာဆီယံကလေးသူငယ်များဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့သော အရာထမ်း(၂)ဦးမှ ရှင်းလင်းတင်ပြခဲ့ပြီး ယနေ့အစီအစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံသတင်းအချက်အလက်နှင့် နည်းပညာဖိုရမ်သို့တက်ရောက်ခဲ့သော လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း(၁)ဦး၊ စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်အမှုဆောင်အစီအစဉ်သို့ တက်ရောက်ခဲ့သော အရာထမ်း(၂)ဦးနှင့် စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် ပိုမိုအကျုံးဝင်စေသော လူ့အဖွဲ့အစည်းဖြစ်စေမည့် ကျားမတန်းတူညီမျှရေးသင်တန်းသို့တက်ရောက်ခဲ့သော အရာထမ်း(၁)ဦးတို့က ဘာသာရပ်ဆိုင်ရာအသိပညာများ ပြန်လည်ရှင်းလင်းမျှဝေခဲ့ကြကာတက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း၊  မိမိတို့ဌာနအလိုက် ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ ဖော်ထုတ်အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR