ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအခြေပြု COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ရပ်ရွာစေတနာ့ဝန်ထမ်း (Community COVID Volunteer – CCV) များအား လေ့ကျင့်မွေးထုတ် အကောင်အထည် ဖော်ရေး အသိပညာပေးအွန်လိုင်းသင်တန်းကို ယနေ့(၂၆-၁-၂၀၂၁)ရက်နေ့ နံနက်ပိုင်း၌ ကျင်းပရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အွန်လိုင်းစနစ်ဖြင့် တက်ရောက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လက စ၍ COVID -19 ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့ရာ ပြည်သူများပါဝင်မှုနှင့်  ကြံ့ကြံ့ခံပြီး ရင်ဆိုင် ကျော်လွှားလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီး များတွင် ရောဂါဖြစ်ပွား သေဆုံးမှုနှုန်းကျဆင်းလာပြီဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားဆဲ ဖြစ်ကြောင်း၊ ဒုတိယလှိုင်းကို အောင်မြင်စွာရင်ဆိုင်ကျော်ဖြတ်ပြီးပါက တတိယလှိုင်း မဖြစ်ပွား စေရေး ကာကွယ်ရမှာဖြစ်ပါကြောင်း၊

  • COVID - 19 ကာကွယ်ဆေး ထိုးမည့်အစီအစဉ် များလည်း စတင်တော့မှာဖြစ်၍ ပြည်သူများအတွက် အားတက်စရာ ဖြစ်ပါကြောင်း၊ သို့သော်လည်း COVID - 19 ကပ်ရောဂါက ရှိနေဦးမှာ ဖြစ်သည့်အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများ ကြာရှည် ဆောင်ရွက်ရမှာဖြစ်၍ အစိုးရနှင့်ပြည်သူ ပိုမိုလက်တွဲညီစွာ ဆက်လက် ဆောင်ရွက်နိုင်ရေး သည် အလွန်အရေးကြီးပါကြောင်း၊
  • ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူငယ်ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများအပါအဝင် ပြည်သူများ၏အင်အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ ကျေးရွာ ပြည်သူများပါဝင်သော ရပ်ရွာစေတနာ့ဝန်ထမ်း (Community Covid Volunteer-CCV) များ မွေးထုတ်ပေးနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မည့်စေတနာ့ဝန်ထမ်းများအား ယခုလိုအသိပညာပေး သင်တန်းကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊
  • လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး လုပ်ငန်းများတွင် ရပ်ကွက်၊ ကျေးရွာအလိုက် စေတနာ့ဝန်ထမ်းများက ပြည်သူများ Mask မဖြစ်မနေတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး၊ လက်ကိုစနစ်တကျ ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦးအသိပေးခြင်း၊သတိပေးခြင်း မိသားစုစီမံချက်အောင်မြင်ရေး စသည့်ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ 
  • မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ရပ်ဆွေ၊ ရပ်မျိုးများ ရောဂါလက္ခဏာခံစားရပါက သက်ဆိုင်ရာသို့ ချိတ်ဆက်ညွှန်းပို့ခြင်း၊ ပံ့ပိုးကူညီခြင်းများကို ထိရောက်စွာဆောင်ရွက်ပေး နိုင်ရန်လည်း ဖြစ်ကြောင်း၊ ရေရှည်တွင် ရပ်ကွက်၊ ကျေးရွာအတွင်း ဘေးအန္တရာယ်တုံ့ပြန်ရေး၊ လူမှု အထောက်အပံ့များပေးရေး၊ ကျန်းမာရေးအသိပညာပေးနှင့်ကာကွယ်ဆေးထိုးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်နိုင်ရေး စသည်တို့အတွက် အသင့်ဖြစ်စေရန်လည်း ရည်ရွယ်ပါကြောင်း၊
  • ရပ်ရွာစေတနာ့ဝန်ထမ်းများကို အသိပညာပေးသင်တန်းဆောင်ရွက်နိုင်ရန် အမျိုးသား အဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးရုံးက စေတနာ့ဝန်ထမ်းများအား စုဆောင်းခြင်းနှင့် အသိပညာပေးသင်တန်းများ ဆောင်ရွက်ခြင်းများကို  စီစဉ်ပေးလျက် ရှိကြောင်း၊ ပထမအကြိမ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ဝန်ထမ်း(၁၀၅) ဦးအား (၁၂.၁.၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ရန်ကုန်တိုင်းဒေသကြီးမှ ရပ်ရွာစေတနာ့ဝန်ထမ်း(၉၇)ဦးအား (၁၄.၁.၂၀၂၁)ရက်နေ့တွင်လည်းကောင်း အသိပညာပေး သင်တန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊
  • ယနေ့ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်းပေးရန်ကျန်ရှိသည့် ရပ်ရွာစေတနာ့ဝန်ထမ်း များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က စာရင်းပေးပို့ လာသော စေတနာ့ဝန်ထမ်း စုစုပေါင်း(၁၃၀)ဦးအား အသိပညာပေးမည့်အစီအစဉ်ဖြစ်ကြောင်း၊ ဒီနေ့အစီအစဉ်ကို ဆက်လက်ပါဝင်ဆွေးနွေးပေးကြမည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ဘာသာရပ် ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းက ပညာရှင် ဆရာ၊ ဆရာမကြီးများကို လည်း ကျေးဇူးအထူးတင်ပါကြောင်း၊

သင်တန်းပြီးဆုံးသည့်အခါ  သင်တန်းတက်ရောက်ပြီးသူများစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဌာနများသို့ပေးပို့ ချိတ်ဆက်ပေးသွား မှာဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက အချိတ်ဆက်မိမိဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများကို ထိရောက်စွာ ကူညီနိုင်ရန်ဖြစ်ပါကြောင်း၊ သို့မှသာကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသည့် COVID - 19 ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို အကောင်းဆုံးပူးပေါင်းပံ့ပိုးနိုင်မှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအခြေပြုရပ်ရွာစေတနာ့ ဝန်ထမ်းများကို ရပ်ကွက်၊ကျေးရွာများအတွင်း အသင့်စုစည်းထားနိုင်ခြင်းသည် ပြည်သူလူထု ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမှာဖြစ်ကြောင်းနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာ မြသီတာက အသိပညာပေးသင်တန်းအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ ပညာရှင်ဆရာ၊ ဆရာမများက ရပ်ရွာစေတနာ့ဝန်ထမ်းများအား ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စေတနာ့ ဝန်ထမ်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းနှင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရေးနှင့် နှစ်သိမ့်ဆွေးနွေးကူညီပေး၊ COVID နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့စို့ကလေးများ၊ COVID နှင့် သက်ကြီးရွယ်အိုများ၊ COVID နှင့် နာတာရှည်ရောဂါဝေဒနာရှင်များ၊ COVID နှင့် ကလေးသူငယ်များ၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများနှင့် COVID ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများ စသည့် ခေါင်းစဉ်များအလိုက် ရှင်းလင်းပို့ချခဲ့ကြပြီး စေတနာ့ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR