ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒီဇင်ဘာလ (၁၂)ရက်နေ့၊ နံနက်ပိုင်းကဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုသင်တန်းကျောင်းတွင် ကျင်းပသောဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းသက်သာစေရန်၊ သဘာဝဘေးစီမံခန့်ခွဲမှု စက်ဝန်းတွင် ပါဝင်သည့် ကြိုတင်ကာကွယ်ခြင်း၊ ထိခိုက်မှုများလျော့နည်းစေခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းဟူသော လုပ်ငန်းကဏ္ဍများကို ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုအခြေပြု (Community Based)ဆောင်ရွက်ရသည့် အသိပညာပေး ဟောပြောပွဲများ၊စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများ၊ဇာတ်တိုက်လေ့ကျင့်မှုများကိုဒေသအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်မှသည် ရပ်ကွက်/ ကျေးရွာအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်လျက်ရှိသည့် အပြင်သင်တန်းကျောင်းအ‌ခြေပြု (Institution Based) အသိပညာပေး လုပ်ငန်းအဖြစ်ဆောင်ရွက်နိုင်ရန် ၂၀၁၅ခုနှစ်တွင် ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကို တည်ထောင်ခဲ့ပြီး သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကို အစိုးရဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ သက်ဆိုင်သည့်အဖွဲ့အစည်းများမှ သဘာဝဘေး စီမံခန့်ခွဲမှုတွင်စိတ်ပါဝင်စားသူများ၊ လူငယ်လူရွယ်များစသည့် ဦးတည်အုပ်စု အသီးသီးကို ဖိတ်ခေါ်ပြီး လက်တွေ့ ဆောင်ရွက်မှုများ နှင့်အတူ သဘာဝဘေးဆိုင်ရာ အသိပညာများ မျှဝေနိုင်ခဲ့ပါကြောင်း၊ ယနေ့ ဖွင့်လှစ်သော သင်တန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၏ အပိုင်း(၃)ခုဖြစ်သည့် ဘေးမဖြစ်မီဆောင်ရွက်ရ မည့်အစီအမံများ၊ ဘေးဖြစ်နေစဉ်တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များ၊ ဘေးဖြစ်ပြီးနောက် လုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး အစီအစဉ်များ စသည့် ကာလအပိုင်းအလိုက် ဆောင်ရွက်ရန်များအပြင် အခြားဗဟုသုတ ဖြစ်စေနိုင်မည့် ဘေးအန္တရာယ်နှင့် ဆက်စပ်သည့် အကြောင်းအရာများကို လေ့လာကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း မိမိတို့၏အတွေ့အကြုံများနှင့် ပေါင်းစပ်၍ အချင်းချင်း ဆွေးနွေးခြင်း၊ ပူးပေါင်းလုပ်ဆောင်ကြခြင်းတို့ဖြင့် သင်တန်းကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုပြီး အတွေ့အကြုံဗဟုသုတများ ရယူကြရန်နှင့်   ရရှိသည့် အသိပညာ ဗဟုသုတတွေများကို ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ၌ မိမိတို့၏ ပင်မတာဝန်များနှင့်ချိတ်ဆက် အသုံးပြု ဆောင်ရွက်ကြရန် မှာကြားပါသည်။

ယင်းနောက်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကအမှာစကားပြောကြားပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ သင်တန်းသို့ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ ပြည်ထဲရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း (၅၉)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာလ(၂၂)ရက်နေ့ထိ ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR