ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒီဇင်ဘာလ (၁၂)ရက်နေ့၊ နံနက်ပိုင်းကဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုသင်တန်းကျောင်းတွင် ကျင်းပသောဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းသက်သာစေရန်၊ သဘာဝဘေးစီမံခန့်ခွဲမှု စက်ဝန်းတွင် ပါဝင်သည့် ကြိုတင်ကာကွယ်ခြင်း၊ ထိခိုက်မှုများလျော့နည်းစေခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းဟူသော လုပ်ငန်းကဏ္ဍများကို ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုအခြေပြု (Community Based)ဆောင်ရွက်ရသည့် အသိပညာပေး ဟောပြောပွဲများ၊စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများ၊ဇာတ်တိုက်လေ့ကျင့်မှုများကိုဒေသအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်မှသည် ရပ်ကွက်/ ကျေးရွာအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်လျက်ရှိသည့် အပြင်သင်တန်းကျောင်းအ‌ခြေပြု (Institution Based) အသိပညာပေး လုပ်ငန်းအဖြစ်ဆောင်ရွက်နိုင်ရန် ၂၀၁၅ခုနှစ်တွင် ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကို တည်ထောင်ခဲ့ပြီး သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကို အစိုးရဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ သက်ဆိုင်သည့်အဖွဲ့အစည်းများမှ သဘာဝဘေး စီမံခန့်ခွဲမှုတွင်စိတ်ပါဝင်စားသူများ၊ လူငယ်လူရွယ်များစသည့် ဦးတည်အုပ်စု အသီးသီးကို ဖိတ်ခေါ်ပြီး လက်တွေ့ ဆောင်ရွက်မှုများ နှင့်အတူ သဘာဝဘေးဆိုင်ရာ အသိပညာများ မျှဝေနိုင်ခဲ့ပါကြောင်း၊ ယနေ့ ဖွင့်လှစ်သော သင်တန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၏ အပိုင်း(၃)ခုဖြစ်သည့် ဘေးမဖြစ်မီဆောင်ရွက်ရ မည့်အစီအမံများ၊ ဘေးဖြစ်နေစဉ်တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များ၊ ဘေးဖြစ်ပြီးနောက် လုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး အစီအစဉ်များ စသည့် ကာလအပိုင်းအလိုက် ဆောင်ရွက်ရန်များအပြင် အခြားဗဟုသုတ ဖြစ်စေနိုင်မည့် ဘေးအန္တရာယ်နှင့် ဆက်စပ်သည့် အကြောင်းအရာများကို လေ့လာကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း မိမိတို့၏အတွေ့အကြုံများနှင့် ပေါင်းစပ်၍ အချင်းချင်း ဆွေးနွေးခြင်း၊ ပူးပေါင်းလုပ်ဆောင်ကြခြင်းတို့ဖြင့် သင်တန်းကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုပြီး အတွေ့အကြုံဗဟုသုတများ ရယူကြရန်နှင့်   ရရှိသည့် အသိပညာ ဗဟုသုတတွေများကို ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ၌ မိမိတို့၏ ပင်မတာဝန်များနှင့်ချိတ်ဆက် အသုံးပြု ဆောင်ရွက်ကြရန် မှာကြားပါသည်။

ယင်းနောက်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကအမှာစကားပြောကြားပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ သင်တန်းသို့ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ ပြည်ထဲရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း (၅၉)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာလ(၂၂)ရက်နေ့ထိ ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR