ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဗီယက်နမ်နိုင်ငံ၊ ဟွာလောင်းမြို့တွင် ကျင်းပပြုလုပ်လျှက်ရှိသော (၁၁) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသောပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည်ယနေ့နံနက်ပိုင်းတွင် ဟွာလောင်းမြို့၌ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားနှင့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနေ့ (ASEAN Day on Disaster Management) အခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထိမ်းအမှတ်အခမ်းအနားကျင်းပရာဟွာလောင်းမြို့ရှိ Bai Chayအလယ်တန်းကျောင်းသို့သွားရောက်ပြီးအာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းမှုအနှစ်(၂၀)ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံဒေသအတွင်းသဘာဝဘေးမကျရောက်မီကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာမှတ်တမ်းဗီဒီယိုနှင့် ဗီယက်နမ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုများပြသမှုကိုလေ့လာကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်သောသဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံမှ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုကိုယ်ခံပညာသရုပ်ပြမှု၊ ရိုးရာဂီတတီးမှုတ်မှုများဖြင့်ဖျော်ဖြေခဲ့ ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရှင်ဗီယက်နမ်နိုင်ငံ၏စီစဉ်ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းနေရာတစ်ခုဖြစ်သောယူနက်စကို (UNESCO) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟွာလောင်းပင်လယ်အော်သို့ သွားရောက်လေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR