လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဃ်န်းညီ​နောင်အခြေချ စစ်ဗျူဟာ၊ ရှေ့တန်းအမှတ် (၂၇၅) တပ်ရင်းနှင့် နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၁၇) တို့မှ ပူးပေါင်း၍ (၂၆-၇-၂၀၂၁) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ သောင်ရင်းမြစ်ရေ လျှံတက် ပြီး အနိမ့်ပိုင်းနေရာများသို့ရေကြီးမှု  ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စုများ အတွက် ဆန်(၆)ပြည် အိတ်(၆၀၀)အိတ်တို့အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် စေတနာရှင်များမှ  ထမင်းဘူး(၅၀၀)ဘူးတို့အား (၂၈-၇-၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းနှင့် မြဝတီမြို့ တွင်  ရေဘေးရှောင်စခန်း  (၁၀) နေရာကျော် ဖွင့်လှစ်ထားရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Source: DDM 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR