လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၄)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် တပ်ကုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ အစည်းအဝေးခန်းမ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများမှ ကြံ့ခိုင်မှုမရှိသော နေအိမ်များနှင့် မဖြစ်မနေပြုပြင်ရန် လိုအပ်သောနေအိမ်များအား ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခြင်း စသည့် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး ခဲ့ပြီး (၁၁:၁၅) နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR